^24^

3.4K 468 51
                                    

 Phone Alarm မြည်သံကြောင့် ဖျက်ခနဲပွင့်သွားသောမျက်လုံးနှစ်လုံး။

စောင်ပုံထဲကနေ ငေါက်ခနဲထထိုင်လိုက်ပြီး ဘေးဘီဝဲယာကြည့်လိုက်တော့ နံရံဘက်လှည့်ကာ စောင်ခြုံလျက် အခုထိမနိုးသေးသော Kyung Soo။ ကုတင်ကနေ ခေါင်းလေးထွက်ကြည့်တော့ ပုစွန်ထုပ်ကွေးသလို ကွေးကာ အိပ်ပျော်နေသော Jung Woo။

Alarm အားပိတ်လိုက်သည့်အချိန်တွင်ပြနေသည့် နံပါတ်က 6 A.M.

ခါတိုင်းကျောင်းပိတ်ရက်တွင် သုံးယောက်လုံး ဒီအချိန်ထိ မထသေးပေ။ရင်တုန်ပန်းတုန်ဖြစ်ကာ ည နောက်ကျမှ အိပ်ပျော်သွားတာတောင် အခုတော့ Alarm မြည်တာနဲ့ မျက်လုံးက auto ပွင့်လျှက်။

Weather အားတစ်ချက်ကြည့်လိုက်တော့ အနေတော်အနေအထားပင်။

အိပ်ယာပေါ်မှထကာ တွန့်နေသောအိပ်ယာခင်းကိုလက်နဲ့အသာဖြန့်ပြီး စောင်ကိုခေါက်လိုက်သည်။ ဖုန်းအားလျော့ နေသည်ကြောင့် အိပ်ယာခေါင်းရင်းက ပလပ်ပေါက်တွင် တစ်ခါတည်းတပ်ထားသော အားသွင်းကြိုးအားဖုန်းကို တပ်လိုက်သည်။

အားသွင်းကြိုးတန်းလန်းနဲ့ ဓာတ်လိုက်ရင် ကျွန်တော်တို့သုံးယောက်အရင်လိုက်မှာပင်။ သို့ပေမယ့်စိတ်ချရတယ်လေ apple မဟုတ်လား။

မျက်နှာသစ်ရင်း ရေပါ တစ်ခါတည်းချိုးရန် လိုအပ်သည်များကိုသယ်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်အထိ တစ်ခန်းလုံးက တိတ်တိတ်ဆိတ်ဆိတ်ပင်။

ရေမိုးချိုးသန့်စင်ပြီးထွက်လာသည်အထိ မည်သူမျှမနိုးသေး။ ကိုယ်ပဲစောလွန်းတာလား ဆိုပြီး နာရီကိုကြည့်တော့ 6 နာရီခွဲ။ အင်း....ဒါစောလွန်းနေတာပဲ။

ဗီရိုရှေ့သွားပြီးအင်္ကျီရွေးကာ လဲဝတ်လိုက်ပြီး မျက်နှာအား cream နည်းနည်းလိမ်းရန်ဆုံးဖြတ်လိုက်၏။ toner နှင့် sun cream လေးလိမ်းလိုက်ကာ နောက်ဆုံးအနေနဲ့ ရေမွှေးလေးစွတ်လိုက်ပြီး ဆံပင်အား မှန်ကြည့်ကာ သနေမိသည်။

"Baekhyun ya အိပ်မက်ယောင်နေတာလား"

မျက်နှာသေဖြင့် စောင်ကြီးပိုက်ကာ ပုံ့ပုံ့လေးထိုင်နေသော Kyung Soo သည် အခုထိ အိပ်ချင်စိတ်မပျယ်သေးဘဲ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသည့်ပုံပင်။

Perfect StrangerWhere stories live. Discover now