Piano ခလုပ်များပေါ်လက်ချောင်းများတင်လိုက်ကာ တီးခတ်ရန်အသင့်ဖြစ်နေသော တစ်စိမ်းသူရယ်ပါ။
တစ်စိမ်းသူသည် Rivers flow in you သံစဉ်အား ချောမွေ့ပြေပြစ်စွာတီးခတ်သွားခဲ့လေသည်။
ထိုသံစဉ်ကို မှတ်မှတ်ရရကျွန်တော်တစ်စိမ်းသူထံမှ လျစ်လျူရှု့ခံခဲ့ရသောနေ့၌ ပထမဦးဆုံးကြားဖူးခဲ့သည်။
တစ်စိမ်းသူစွဲစွဲလမ်းလမ်းချစ်ခဲ့သော သူမ ပေးခဲ့သည့် မွေးနေ့ဆုတောင်းလေး။
အတိတ်တွေဟာမလှပခဲ့သော်ငြား အနာဂတ်နဲ့လာလာဆက်နွယ်သည်ကိုကျွန်တော်မုန်း၏။
အတိတ်တွေကိုဖျက်ဆီးပစ်ချင်သော်ငြား ထိုအတိတ်များစွာထဲတွင် တစ်စိမ်းသူအတွက် ကျွန်တော့်အချစ်တွေ များစွာရှိနေခဲ့သည့်အတွက်ကြောင့် ကျွန်တော်နှမြောမိပြန်သည်။
ငါဟာ မင်းအပေါ် ရူးသွပ်မှု့ဒီဂရီလွန်နေပြီလား တစ်စိမ်းသူ။
"Baekhyunee"
"အင်း..."
"လာဒီနား ငါ piano တီးနည်းသင်ပေးမယ်"
ကျွန်တော်ထိုင်နေသောနေရာမှထကာ ခုံအဖျားတွင်ဝင်ထိုင်လေတော့ အလိုက်သတိ ဘေးသို့ကပ်ပေးသော သူစိမ်းသူရယ်ပါ။
"ဒီလက်ချောင်းလေးကို ဒီလိုထား"
ကျွန်တော့်လက်တစ်ဖက်အားအုပ်မိုးကာ နေရာချပေးနေသူ။
"Chanyeol "
"Imm ပြောလေ"
ကျွန်တော်ဟာ ဖွင့်ဟဝန်ခံဖို့ တုန့်ဆိုင်းနေမိသည်။
ဒီတီးခတ်မှု့အားကျွမ်းကျင်စွာတက်မြောက်ထားတယ်ဟု ပြောလိုက်လျှင် တစ်စိမ်းသူများ ငြိုးငယ်သွားလေမလား။
စိတ်မကောင်းများဖြစ်သွားလေမလား။
တစ်ကယ်တော့ တစ်စိမ်းသူအားတီးခတ်ပြချင်သည်ဆိုသောရည်ရွယ်ချက်ဖြင့် ကျွန်တော်ဟာ စန္ဒယားတီးခြင်းအမှု့ အား ကြိုးစားပမ်းစားသင်ယူခဲ့လေသည်။
မင်းအတွက်ဆိုပြီး ငါ့ကိုယ်ငါ ပြည့်စုံနေအောင် ကြိုးစားနေခဲ့တာတွေ မင်းမသိလောက်ပါဘူး သူစိမ်းသူရာ။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]