^77^

1.6K 137 21
                                    

"Hey Byun"

နှင်းဖွဲဖွဲကျနေသော နံနက်ခင်းတစ်ခုတွင် အများသူငှာနှင့်တန်းတူ ကျောင်းဝန်းအတွင်း၌ ပြေးလွှားနေသော ကျွန်တော့်အား လှမ်း၍ နှုတ်ဆက်သော အဆောင်တူသူငယ်ချင်းများအား ပြုံးပြကာ ခြေလှမ်းများ၏ ရောက်ရာအရပ်သို့သာဦးတည်လျှက်။

လက်ပတ်နာရီအား တစ်ချက်ငုံ့ကြည့်ကာ လုံလောက်သေးသည့်နာရီလက်တံရှည်၏အခြေအနေကြောင့် ခြေလှမ်းတို့သည် ပုံမှန်အနေအ ထားသို့ လျှော့ချခြင်းခံလိုက်ရသလို သာမာန်ထက် အခုန်မြန်နေသော နှလုံးခုန်သံသည်လဲ ကျယ်လောင်နေပြန်သည်။

အိတ်ကပ်ထဲ ထိုးထည့်ထားသော ဖုန်းမှmassage tone သည် အချိန်ကိုက်လုနီးပါး ဝင်ရောက်လာ၏။

လွန်ခဲ့သော အတိတ်အချို့ သို့မဟုတ် လက်ငါးချောင်းမျှကျော်လွန်လေပြီဖြစ်သော လ များတည်းက အမိမြေသို့ပြန်ရောက်သွားသည့် တစ်စိမ်းသူထံမှာ စာများသည် မိုးရွာသော်ငြား၊ ဆီးနှင်းများကျနေသော်ငြား၊ ပျင်းခြောက်ခြောက် နွေရာသီရက်များဖြစ်သော်ငြား ယနေ့ထိတိုင်အောင် စက္ကန့်မလွဲ အချိန်မှန် တာဝန်ထမ်းဆောင်လျှက်။

^Morning Baekhyunee သာယာသောနေ့လေး ဖြစ်ပါစေ။ချစ်တယ်နော်^

အအေးမှတ်အနိမ့်ဆုံးသို့ရောက်နေသည့် နံနက်ခင်းဖြစ်သော်ငြား ရင်ထဲကိုနွေးထွေးကာ နေ့သစ်တစ်ခုအတွက် တာဝန်ကျေရန် ခွန်အားများကိုပေးစွမ်းပါ၏။

^ကောင်းကောင်းအနားယူပါ Chanyeol။ ငါရောထပ်တူ^

နာရီပေါင်း၉နာရီမျှကွာဝေးသောနေရာဒေသနှစ်ခု ဖြစ်သည်ကြောင့် ကျွန်တော်နိုးထချိန်သည် တစ်စိမ်းသူ အနားယူချိန်ဖြစ်လေသည်။

ပြန်လည်အကြောင်းကြားပြီးနောက် ကျွန်တော်သည် မကြာခင်ပြီးဆုံးတော့မည့် တက္ကသိုလ်ကျောင်းသားဘဝ၏ နောက်ဆုံးသော ကျောင်းတက်ရက် အမှတ်တရနေ့ရက်များကိုဖန်တီးရန် လျှောက်လှမ်းခဲ့သည်။

▪▪▪▪▪▪▪▪▪▪▪▪▪▪

"သား မနက်စာ"

"ဟုတ် mommy"

ထမင်းစားပွဲ၌ အဆင်သင့်ထိုင်ကာစောင့်နေသော Mommy နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ ချထားပေးသည့် ပန်းကန်ထဲမှ အသားညှပ်ပေါင် မုန့်အချို့ကိုယူကာ စားလိုက်သည်။

Perfect StrangerWhere stories live. Discover now