^68^

1.8K 284 59
                                    

ကျွန်တော့်ရင်ခွင်ထဲက ကောင်ငယ်လေးသည် စိတ်ကိုလွှတ်ချလိုက်သလိုပင်။

ကျွန်တော်မမြင်ဖူးခဲ့သော ချစ်ရသူ၏အခြားတစ်ဖက်က ယခုလိုစိတ်ခံစားမှု့လွယ်သည်တဲ့လား။

ယခုလည်း ကျွန်တော့်ရင်ခွင်ထဲတိုးဝင်ကာခံစားမိသမျှလွှတ်ချလိုက်သည်မှာ မိနစ်အနည်းငယ်မျှပင်ရှိနေလေပြီ။

ကျွန်တော့်မျက်ဝန်းထက်မှမျက်ရည်ကြည်များသည်လည်း အနေတော်ခမ်းခြောက်စပြုနေလေပြီ။

"Bekhyunee~"

ကျောလေးကိုအသာပွတ်သပ်ပေးကာ သက်သာရာရစေအောင် ကျွန်တော်စွမ်းဆောင်ပေးနေမိသည်။

"တိတ်တော့နော်....ခေါင်းတွေကိုက်လိမ့်မယ်"

"ငါ..ငါပျော်လွန်းလို့ပါ Chanyeol ရာ"

တိမ်ဝင်သွားသောအသံသည် ငိုယိုခြင်းအမှု့အားမရပ်နားသေးကြောင်းဖော်ပြနေ၏။

သို့သော် ပျော်ရွှင်မှု့ကြောင့်ဟူသော ခေါင်းစဉ်ကြောင့် ကျွန်တော့်နှလုံးသားလေးသည်လည်း နူးညံ့သော လှိုင်း၏ရိုက်ခတ်မှု့အား ခံလိုက်ရ၏။

"မော့ပါဦးကွာ~ငါ့အူဝဲလေး မျက်လုံးလေးတွေ ထိခိုက်ကုန်ပြီလားလို့ ကြည့်ရအောင်"

မော့လာသောချစ်ရသူ၏ မျက်နှာနုနုသည် ရဲသွေးကြွယ်လျှက် မျက်လုံးတို့မှာ အနည်းငယ်မို့ဖောင်းနေသည်။

လုံးဝန်းသောနှာတံဖျားလေးသည်လည်း ရဲသွေးများလွှမ်းလျှက်။

" အူဝဲလေးရာ အဲ့လောက်ထိငိုရလားပြော~"

အနည်းငယ်စိုစွတ်နေသေးသောမျက်ခမ်းစရှိ မျက်ရည်ကြည်ကြည်တို့အား ကျွန်တော့်လက်ဖျားဖြင့် ဂရုတစိုက်ဖယ်ရှားပေးတော့ ပြုံးယောင်သမ်းလာသောချစ်ရသူ။

"ငါ့ကို ပျော့ညံ့တဲ့သူလို့ မင်းထင်သွားလား Chanyeol"

"ဟင့်အင်း...ငါ ဘယ်သောအခါမှအဲ့လိုမျိုးမထင်ခဲ့ဖူးဘူး Baekhyunee"

"ကျေးဇူးပဲ Chanyeol ငါ့ကိုနားလည်ပေးနိုင်လို့"

"ရှူး~ ငါကမင်းကိုမထင်မှတ်ထားတဲ့အရာတွေကြောင့် နားလည်မှု့လွဲသွားရင်တောင် အမြဲနားလည်အောင် ကြိုးစားပေးမှာမို့ ငါ့ကိုအရာရာမျှဝေပေးနော်"

Perfect StrangerWhere stories live. Discover now