"Oh Sehun ဘယ်ထိသွားမှာလဲ"
"လာ ဒီမှာထိုင်"
Park တစ်ခုရဲ့ အမိုးပါတဲ့စားပွဲခုံလေးတွေမှာဝင်ထိုင်လိုက်ပြီး သူ့လက်ထဲကဆွဲလာတဲ့စက္ကူအိတ်ကိုချလေ၏။
"ဒီမှာရော့"
စက္ကူအိတ်ထဲကနေ ဘူးလေးတွေထုတ်ကာ စားပွဲပေါ်ချနေ၏။ တစ်ခါသုံးဇွန်းနဲ့တူတွေကိုထုတ်ပေးကာ ဘေးနားကို အသာတိုးပေးပြီး ဘူးအဖုံးတွေလှပ်နေလေရဲ့။
"မင်းဒါတွေမစားရတာကြာပြီမှတ်လား။ စားကြည့် ငါကိုယ်တိုင်ချက်လာတာ"
"ဟင်"
ကျွန်တော်အံ့ဩမိသွား၏။
မစားရတာကြာပြီဖြစ်တဲ့ကိုရီးယားအစားအသောက်တွေကို သူက တစ်ကူးတစ်ကချက်ပြီးယူလာသည်တဲ့လား။
"မင်းတို့ UK က ကြက်သားကမဆိုးပါဘူး ကောင်းသားပဲ"
"Oh Sehun ရာ ငါ လုံးဝကို ရင်တွေခုန်သွားပြီ။ ငါ မင်းကို အိမ်ထောင်ကျသွားမှာတောင် နှမြောတယ်"
"ဟ ယူစရာလား"
"မယူဘူးပေါ့"
"မင်းငါ့ကိုတာဝန်ယူလိုက်လေ"
"အေးပါ ငါ ဦးစားပေးစာရင်းထဲ ထည့်ထားပေးပါ့မယ်"
"ငါ ထိပ်ဆုံးကပဲနေမှာနော်"
"အေးပါ စာရင်းစာရွက်အပြင်မှာ ရပြီလား ဟားဟားဟား"
"ငါမှာတာကောပါလား"
"အင်း ဒီမှာ"
စားနေရင်းနဲ့ ဘေးကဝယ်လာတဲ့ Cup cake ဘူးလေးကိုပေးတော့ ဘူးကိုဟိုကြည့်ဒီကြည့်နှင့်
"တော်သားပဲ ကောင်းကောင်းမွန်မွန်ဝယ်လာခဲ့တာ"
သူချက်ကျွေးတာ စားနေရတော့ ပြန်ပြောမယ့် စကားတွေ ဟင်းနဲ့ရောပြီးမြိုချလိုက်ရ၏။
"မင်းမွေးနေ့မှန်းသိရဲ့သားနဲ့ခံလိုက်ရတာကွာ။ မွေးနေ့ရှင်ကပြန် Suprise လုပ်တဲ့မွေးနေ့ Oh Sehun ကြီးတီထွင်ပစ်လိုက်တာ။ ငါတို့နှစ်ယောက်ကို ဟိုဆိုင်ကလူ တွေ ဝိုင်းကြည့်နေကြတာ ခုနကအပျော်လွန်နေလို့ အခုမှ ရှက်လာတယ်"
"စားလို့ဝပြီလား"
"အေး....နောက်တစ်ခေါက်တော့ ထပ်စားချင်သေးသား"

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]