^7^

4.1K 472 14
                                    

ကွဲမည်ဆိုး၍ တစ်လမ်းလုံး ရင်ဘက်ထဲတွင်ပိုက်လာခဲ့သော ဝိုင်ပုလင်းလေး။

ထူးဆန်းစွာဖြင့် တစ်ခြားပုလင်းတွေနဲ့ရောမထည့်ပါဘဲ တစ်သီးတစ်သန့် သယ်လာခဲ့သောပုလင်းလေး၏ ပိုင်ရှင်မှာ နှစ်ယောက်မရှိသော ကျွန်တော့်၏ တစ်စိမ်းသူ။

"Hyung အဆောင်ကိုမပို့နဲ့တော့ ကျောင်းဘက်နား ခနဝင်ပို့ပေးလို့ရမလား"

"ရပါတယ်။ ဝင်စရာရှိသေးလို့လား"

"ဟုတ် Chanyeol ကို တစ်ခါတည်း ဝင်ပေးခဲ့ချင်လို့ပါ"

"သူ့နားထိ လိုက်ပို့ပေးမယ်လေ"

"Hyung အားရဲ့လား"

"အားပါတယ်"

"အဲ့ဒါဆိုကျေးဇူးပါ"

လက်ထဲမှကိုင်ထားသော ဖုန်းလေးမှတစ်ဆင့် contect လေးတစ်ခုအား ခေါ်လိုက်၏။ အားကုန်ခါနီးဖြစ်နေသော ဖုန်းလေး မပိတ်ခင် ကိုင်ပါစေလို့သာ ကျိတ်၍ ဆုတောင်းနေမိသည်။

"ဟဲလို Chanyeol"

"အော Babe ပြော"

"ငါ မင်းတို့ ကွန်ဒိုနားလာခဲ့မယ် လက်ဆောင်ပေးချင်လို့။ မင်းအားလား"

"ကွန်ဒိုထိဆို လမ်းလျှောက်ဝင်နေရလိမ့်မယ်။ ဒီလိုလုပ် ကွန်ဒိုရှေ့မှာ စားသောက်ဆိုင် တစ်ခုရှိတယ် အဲ့ကိုပဲလာခဲ့ တော့လေနော့"

"အင်း ဒါပဲနော်"

"ဘာတဲ့လဲ Hyunee"

"ကွန်ဒိုရှေ့က ဆိုင်မှာစောင့်နေမယ်တဲ့"

တစ်ဖြည်းဖြည်းနဲ့ Chanyeol တို့ ကွန်ဒိုနား နီးလာလေ စည်းချက်မညီသော ရင်ခုန်သံများက ဝုန်းတိုင်းကျဲလာလေပင်။ အနည်းငယ် အေးစက်လာသော လက်ဖျားများကြောင့် ကားအတွင်းအအေးဓာတ်ကို ကျိန်ဆဲမိပါ၏။ သို့သော် တရားခံမှာ ရင်ဘတ်ထဲက အကောင်လေးပင်ဖြစ်သည်။

တုန့်ခနဲ ရပ်သွားသော ကားလေးနဲ့အတူ ပတ်ထားသော ခါးပတ်အား တင်းတင်းဆုပ်ထားမိပါ၏။

"သွားလိုက်နော်။ hyung ဒီကပဲစောင့်နေတော့မယ်"

ခါးပတ်အားဆွဲဖြုတ်ကာ တစ်ဖက်လမ်းရှိ တစ်စိမ်းသူရှိနေမည်ဟု ထင်ရသော ဆိုင်ထဲသို့ ကားမှန်မှတစ်ဆင့် ငေးကြည့်မိပါ၏။

Perfect StrangerDonde viven las historias. Descúbrelo ahora