^8^

3.9K 482 21
                                    

လွန်ခဲ့သော နာရီအချို့က အရူးတစ်ယောက်ကဲ့သို့ရယ်မောကာ လမ်းမထက်ပြေးလွှားနေခဲ့သော ကျွန်တော်သည် ယခုအချိန်တွင်တော့ အရူးတစ်ယောက်လို ငိုယို၍ပြေးလွှားနေခဲ့ပြန်ပြီ။

ထိုအကြောင်းအရာများဟာ ရူးနှမ်းစွာ ပုံစံတူခဲ့သော်ငြား မျက်ရည်နှင့် အပြုံးဟူသည့် ခံစားချက်ကြီးသည် လွန်စွာမှ ကွဲလွဲ၍နေခဲ့လေသည်။

ပြေးလွှားနေသောခြေလှမ်းများမြန်ဆန်လာလေ ဝဲဘက်ရင်အုံမှ နာကျင်မှု့တို့သည်လဲ တစ်ရှိန်ထိုး တက်လာလေပင်။

ခြစ်ခြစ်တောက်ပူနေသောနေမင်းကြီးအောက်တွင် လထိန်ထိန်သာနေသလို ပြေးလွှားနေသော ကျွန်တော့်ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည့်လူတွေအား ဂရုမစိုက်နိုင်ပေ။ ကိုယ့် ပူလောင်မှု့ဖြင့် ကိုယ်ဖြစ်နေသည်မို့ ဘယ်အရာမှ မြင်ကွင်းထဲ တိုးမပေါက်ခဲ့ပါလေ။

ရုတ်တစ်ရက် ပြေးလွှားနေသောခန္ဓာကိုယ်အား ဆွဲတားကာ ပွေ့ဖက်လိုက်သော လက်တစ်စုံကြောင့် အရှိန်ရနေသော ခြေထောက်များသည် ခွေယိုင်သွားရ၏။

"တော်သင့်ပြီ!! အရူးတစ်ယောက်လိုပြေးလွှားနေတာတွေ ရပ်သင့်ပြီ!!"

ခန္ဓာကိုယ်အား အနောက်မှသိုင်းချုပ်ကာ ဆူပူနေသော သူမှာ ဘယ်သူလဲ အာရုံမရ။ အရှိန်မသတ်နိုင်သေးသော ခန္ဓာကိုယ်က ရုန်းထွက်ရန်စေခိုင်းနေ၏။

"ဘယ်လောက်ထိတောင် ဆက်ပြေးမလို့လဲ!! ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ဦး"

ထိုအခါမှ ပကတိငြိမ်သက်သွားသော အရှိန်ရ ခန္ဓာကိုယ်သည် မာန်လျှော့ချလိုက်သဖြင့် ရော့တိရော့ရဲဖြင့် ထိုသူ၏ ရင်ခွင်ထက်ကို ပြိုလဲသွား၏။

"Task!!"

မော့ကြည့်မိမှ ဖက်ထားသော သူသည် ကျွန်တော့်နည်းတူ ချွေးများစိုရွှဲနေသော Sehun ပင်။

ဩော်.... တစ်စိမ်းသူဖြစ်ပါစေ ဆိုပြီး မျှော်လင့်နေသေးသော ကျွန်တော်သည် တတိုင်းရသည့် ဘဝကိုပိုင်ဆိုင် ခွင့်မရှိပါလားဟု တွေးတောမိပြန်၏။

မောဟိုက်နေသော ရင်အစုံကိုလက်ဖြင့်အသာအုပ်ကိုင်ကာ ပြတ်လက်နေသော Oxygen တို့အား အသည်းအသန်ရှူသွင်းနေမိ၏။

Perfect StrangerWhere stories live. Discover now