"Mommy သား မနေ့ကပို့လိုက်တဲ့ file ကို ဒီနေ့ထပ်ပို့လိုက်တဲ့ဟာတွေနဲ့ သေချာလေး တိုက်ကြည့်ပေးနော်။ design တွေက ခပ်ဆင်ဆင်ဖြစ်နေလိမ့်မယ်။ အထဲက သုံးထားတဲ့ စိန်ပဲ ကွဲထွက်သွားမှာ"
".........."
"အရင်လက ဆိုင်ရဲ့အရောင်းရဆုံး collection နဲ့ ရောင်းအားကျနေတဲ့ collection လေးပါသားကို mail ပြန်ပို့ပေးဦးနော် mommy"
"......."
"ရတယ် mommy amount က ကိစ္စမရှိဘူး ။ လက်ခနဲ့ ကုန်ကြမ်းဖိုးသာ အသေးစိတ်တွက် ပေးရင်ရတယ်"
".........."
စကားသံခပ်တိုးတိုးသည် အိပ်ခန်းပြင်ပမှ ပျံ့လွင့်လာသည်မို့ အိပ်ချင်နေသည့်စိတ်တို့အား အနည်းငယ်တိုက်ထုတ်ပြီး အကြောဆန့်ကာ ခနငြိမ်သက်နေလိုက်သည်။
အိပ်ယာဘေးရှိ ဖုန်းအားကြည့်မိတော့ မနက်ခင်း ၆ နာရီ ၄၅ မိနစ်။
ပွယောင်းနေသောဆံပင်တို့အား လက်နဲ့အသာ ထိုးဖွပစ်လိုက်ကာ ကိုယ်လက်သန့်စင်ခြင်း အမှုအား ဦးစွာမပြုလုပ်ဘဲ အသံလာရာသို့ ထွက်ခွာလိုက်သည်။
ထမင်းစားပွဲပေါ်၌ laptop တစ်လုံးနှင့်အလုပ်ရှုပ် နေသော ထိုသူသည် ဖုန်းအားလက်တစ်ဖက်က ကိုင်လျှက် ဆွေးနွေးမှုမပျက်။
တစ်ချက်တစ်ချက် ဘေးတွင်ချထားသော စာရွက်စာတမ်းများကိုလည်း သူ၏ ကြီးမားသောလက်များဖြင့် လှန်လောနေပြန်၏။
ဒါဟာ ကျွန်တော်ဒီမှာနေတဲ့ ငါးနှစ်တာကာလအတွင်းမှာ သဘောအကျဆုံး သော မနက်ခင်းတစ်ခုပဲ။
အိမ်နေရင်းအဖြူရောင် ခပ်ပွပွ ရှပ်အင်္ကျီနှင့် ဆွဲဆောင်မှုအပြည့်ဖြစ်နေသော ထိုသူထံပါး၌ ကျွန်တော်သည် အကြိမ်ကြိမ်လဲကျရစမြဲပင်။
အဲ့လောက်ထိ ဆွဲဆောင်မှုရှိစရာလိုလေသလား တစ်စိမ်းသူ။
လွန်ခဲ့သာတစ်နှစ်ခွဲခန့်လောက်က အထုပ်တွေဆွဲ ကာ အကြောင်းမကြားဘာမကြားနှင့်ရောက်ချ လာသော ထိုဖြစ်ရပ်သည် မနေ့တစ်နေ့ကလိုပင်။
ဘွဲ့ရပြီးသွားသည့်ကျွန်တော်သည် အမိမြေမပြန် တော့လေဘဲ နောက်ဘွဲ့တစ်ခုအတွက် ပြင်ဆင်ရင်း Professor အလုပ်၌ အလုပ်ဝင်ဖြစ် ခဲ့သည်။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]