^50^

2.2K 332 8
                                    

"Hyung ရေ လွမ်းတယ်ဗျာ~"

ဖုန်း screen ၏တစ်ဖက်ခြမ်းမှ Jung Woo သည် ရှုံ့မဲ့ကာ စူပုတ်ပုတ်နှင့် အလွမ်းသည်နေသလောက် ဘေးနားက ဖုန်းကိုင်ထားသော Kyung Soo မှာတော့ စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေလေ၏။

"Kyung Soo ya အဟားဟား"

ထိုအခါမှ ကိုယ်တော် Jung Woo က ပြုံးစိစိရုပ်ကလေးဖြင့် Kyung Soo ကိုရယ်ပြလေသည်။

"Baekhyun ya ငါပြောထားတာလေး"

"အာ... ငါဒီနေ့သွားမလို့ရယ်"

"ကျေးဇူးပဲ Baekhyun ya"

"မလိုပါဘူးကွာ သူငယ်ချင်း အချင်းချင်းကို"

"Hyung သားအတွက်ရော"

"သားအတွက်မပါဘူး နော့ Kyung Soo ya"

"အေး ဟုတ်တယ်"

ဆူပုတ်ပုတ်နှင့်မျက်နှာလေးတစ်မင်ငယ်ကာ လုပ်ပြနေသော Jung Woo ရယ်ပါလေ။

"သားက Kyung Soo အိမ်ကို ဘာမှစရာရှိလို့လဲ"

"အဟီး"

Jung Woo နှင့်နေရတာ တစ်ခုတော့ကောင်းသည်။

အဘယ့်ကြောင့်ဆိုသော် တစ်နည်းမဟုတ် တစ်နည်းနှင့် ကျွန်တော်တို့ကို ရယ်အောင်လုပ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

ယခုလဲ အလွမ်းသယ်ကာ video call ပြောကြရင်း မရိုးရလေသော reaction ပေါင်းစုံနှင့်ကပ်ချွဲနေသည်သာ သက်သေပင်။

"ညမှတ်လား အိပ်ကြတော့လေ"

"အိပ်သေးဘူးရယ် hyung ဒီနေ့ movie day လေ အာ့ကြောင့်မို့"

"အင်းပါ အာ့ဆိုဒါပဲလေနော့ အပြင်ခနသွားဦးမယ်"

"အင်း တော့တာ ပိုင့်ပိုင်~ hyung"

"တော့တာ"

တစ်ဖက်က video call ကျသွားပြီဆိုမှ လှဲနေသော အိပ်ယာပေါ်ကနေထကာ အင်္ကျီလဲဖို့ရာ ဘီရိုရှေ့ရပ်ပြီး မွှေနှောက်နေမိသည်။

အဖြူရောင် hoddie လေးအားဆွဲထုတ်လိုက်ကာ အပေါ်မှစွတ်ချလိုက်ပြီး ဘောင်းဘီဝတ်ဖို့ရာ လက်ညိုးလေးဖြင့် ထပ်ထားသော ဘောင်းဘီများကို ထောက်ထောက်ပြီးအောက်ဆုံးထိ ပွတ်ဆွဲလိုက်သည်။

ပြင်ပက ရာသီဥတုက အေးနေတာကြောင့် အပြဲပါသော ဘောင်းဘီဝတ်လျှင် တစ်နေရာတည်းကွက်ပြီးလေဖြတ် မည်ဆိုးသဖြင့် ရိုးရိုး ဂျင်းဘောင်းဘီ အနက်ရောင်အား ရွေးလိုက်ရသည်။

Perfect StrangerWhere stories live. Discover now