^55^

2K 303 29
                                        

"Baekhyun လာလေ"

"အော.."

လူကြီးမင်းနှင့်သာတိုးနေသောဖုန်းခေါ်ဆိုမှု့အားရပ်တန့်လိုက်ကာ Jong Dae ခေါ်ရာသို့သွားလိုက်သည်။

မင်းအဆင်ပြေရဲ့လားတစ်စိမ်းသူ။

ဝယ်ထားသည့်ပစ္စည်းများကို ကောင်တာတွင်ရှင်းကာ တစ်ယောက်တစ်ထုပ်စီဆွဲလျှက် Jong Dae အိမ်သို့သာ ဦးတည်ခဲ့သည်။

"Sehun ငါမောင်းမယ်"

Driver set တွင်ဝင်ထိုင်ရန်တံခါးဖွင့်နေသော Sehun အားတားလိုက်ကာ ပြောလေတော့ နောက်ခန်းထဲတွင် မိန့်မိန့်ကြီးထိုင်နေသော Jong Dae က ပြူးပြူးပြာပြာဖြစ်လာသည်။

"Hyunee ငါ အိမ်ထောင်မပြုရသေးဘူးနော် အခုမှလူပျိုနုနုထွတ်ထွတ်လေး"

"ငါ ကားမောင်းလိုင်စင်ရပြီးပြီ ဟေ့ကောင်"

Oh Sehun ကတော့ရယ်ကျဲကျဲဖြင့်လက်ထဲ control ထိုးပေးခဲ့ကာ lover set သို့သွားလေပြီ။

"ဘယ်တုန်းက ကားမောင်းလိုင်စင်ရလိုက်တာလဲဟင် Hyunee"

"ဒီနေ့ပဲ"

"ဟာ ဟိတ်ကောင်! ဆင်း! အခုဆင်း"

"ဟားဟားဟား"

ကြောက်အားလန့်အားဖြစ်နေသော Jong Dae ကို ကျွန်တော်ခါးပတ် ပတ်ရင်းအော်ရယ်လိုက်သည်။

Sehun ဆို ခါးပါတ်တောင်မပါတ်နိုင် ရယ်နေရှာတာ။

"ငါတောင်းပန်ပါတယ် hyunee ရာ မနောက်စမ်းပါနဲ့ဟ!"

ကျွန်တော့်ခေါက်အိတ်ထဲက လိုင်စင်ကိုထုတ်ကာပြလိုက်တော့မှ ငြိမ်ကျသွားသော Jong Dae။

ကျွန်တော်လဲ ကားစက်နှိုးကာ မောင်းထွက်လာခဲ့သည်။

"Hyunee များပြန်ရောက်တာနဲ့လိုင်စင်တန်းရ ငါများအခုထိ လိုင်စင်မရသေး"

"ဘရိတ် မမှီလို့လား Jong Dae"

ရုပ်တည်ကြီးနဲ့ Oh Se က စ လေတော့ Jong Dae တင်းချေပြီ။

"ဟေ့ကောင်! ငါအစမ်းမောင်းမှာ မီးနီ နှစ်ခါဖြတ်မိလို့မရတာကွ ရှင်းပြီလား"

"ဟားဟားဟား"

ကားလေးသည်လည်း ရယ်သံများဖြင့် ပြည့်နှက်သွားလေရဲ့။

Perfect StrangerWhere stories live. Discover now