^44^

2.5K 402 60
                                    

" hyung morning "

"Hyung ရဲ့ဝက်ပေါက်ကလေးနိုးလာပြီလား။ လာထိုင် မနက်စာစားဦး"

Hyung ဘေးနားအသာဝင်ထိုင်လိုက်တော့ စားပွဲပေါ်က ပန်းကန်အချို့ကို အရှေ့သို့တိုးလာပေး၏။

"Omma တို့ရော hyung"

"Omma က ဈေးသွားတယ် Appa ကတော့အစည်းအဝေးရှိတယ်ဆိုလို့သွားပြီ အဖွားကတော့အခန်းထဲမှာရယ်"

"ဟုတ်...."

"စားဦးဝက်ပေါက်လေး hyung ဖုန်းခနပြောလိုက်ဦးမယ်"

ဆံပင်ကိုဖွကာထွက်သွားသော hyung အားနှာခေါင်းလေးအသာရှုံ့ပြလိုက်ကာ ပန်းကန်ထဲရှိထမင်းကြော်အား တစ်ဇွန်းခပ်စားလိုက်သည်။

မစားတာကြာ၍လားမသိ ထမင်းကြော်လေးတောင်အရသာရှိသယောင်။

ထမင်းစားလျှင် တစ်ခြားဘာအာရုံမှ မထားတက်သူမို့ ထမင်းကိုသာကုန်အောင်စားနေလိုက်သည်။

စားသောက်ပြီးသွားသောပန်းကန်များဆေးကြောပြီးသည်အထိ ပြန်ဝင်မလာသော hyung ကြောင့် ဖုန်းပြောနေသူမှာ မည်သူဖြစ်ကြောင်းမေးစရာပင်မလို။

"Hyunee လေး နိုးလာပြီလား"

"ဟုတ် အဖွား"

အခန်းထဲကထွက်လာသော အဖွားနှင့်တိုးသည်မို့ အသာနှုတ်ဆက်ကာ အခန်းထဲသို့ပင်ပြန်ဝင်လာခဲ့လိုက်သည်။

Cellular on ထားသဖြင့် တစ်ခုပြီးတစ်ခုတက်နေသော noti မှာ online miss call ပေါင်းများစွာနှင့် massage များပင်။

^Sorry Chanyeol ငါ အခုမှနိုးလို့^

Seen ဖြစ်သွားသော massage ကြောင့် စိတ်ထဲတွင်ကိုယ့် massage များစောင့်နေသလားဟုပင် တစ်ဖက်သတ်တွေးလိုက်မိသေးသည်။

^အိပ်ရေးရောဝရဲ့လား Baekhyunee?^

^omm....^

စာတောင်အဆုံးထိရိုက်လို့မပြီးသေးဝင်လာသော call ကြောင့် ဖုန်းကိုပင်မမြင်ဖူးသည့်သူတစ်ယောက်လို ကြောင်အစွာ ကြည့်နေမိသည်။

"အော Chanyeol ပြောလေ"

"တစ်ကယ်ပဲ....မနေ့က ကိုယ့်ရှေ့မှာရပ်နေခဲ့တာလား Baekhyunee"

လူတင်မဟုတ်ဘူး ငါ့နှလုံးသားလေးလဲ နာကျင်စွာရပ်နေခဲ့သေးတာ။

Perfect StrangerWhere stories live. Discover now