^9^

3.9K 481 34
                                    

တစ်ဖက်သက်အချစ်ဆိုတာ သိပ်ကို ပင်ပန်းတဲ့ စိန်ခေါ်မှု့တစ်မျိုးပဲ။ ဒါပေမယ့် ကျွန်တော်ချစ်နေရတဲ့ တစ်ဖက်သက်အချစ်က ကျွန်တော်ရော သူရော ပါဝင်ပက်သတ်နေတဲ့အရာမျိုး။

မသေချာမရေရာတဲ့ ဆက်နွယ်မှု့တော့မဟုတ်ပေ။ သူ့ဘက်ကသိုဝှက်တဲ့အနေအထားမှလွဲ၍ ကျန်သည့် တစ်စိတ်တစ်ပိုင်းဖြစ်သည့် ကျွန်တော်သည် ရာခိုင်နှုန်းအပြည့်ပင်။

မချစ်တက်ခဲ့ရင်ကောင်းသားပဲနော်။

နာကျင်စရာလဲမလိုဘူး ၊ ဝမ်းနည်းစရာလဲမလိုဘူး ပြီးတော့ ငိုကြွေးစရာလဲမလိုဘူး။

မရေရာသည့်ဆက်နွယ်မှု့တစ်ခုအား နောက်ပြန်ဆုတ်ဖို့ခွန်အားလဲမရှိသလို ရှေ့တိုးဖို့လဲ မျှော်လင့်ချက်မရှိခဲ့ဘူး။ အကောင်းဆုံးနည်းလမ်းဖြစ်သည့် ရပ်တန့်နည်းကိုသာ အသုံးပြုခဲ့မိသည်။

တစ်ပတ်ကျော် နှစ်ပတ်နီးပါးလောက်ရှိပြီ။

သူ့ဘက်ကလဲ စတင်ဆက်သွယ်ခြင်းမရှိခဲ့သလို ကျွန်တော့်ဘက်မှလဲ ဆက်သွယ်ဖို့မကြိုးစားခဲ့။မေ့မေ့ပျောက်
ပျောက်ဖြင့် နေလိုက်ချင်ပြီ တစ်စိမ်းသူရယ်။

" Hyunee ရေ ထမင်းစားမယ်"

"ဟုတ်ကဲ့အဖွား"

အဖွားအိမ်ကိုပြောင်းလာပြီးထဲက ကျင်လည်ခဲ့သော သူ့အနီးနားတစ်ဝိုက်သည် ကျွန်တော့်အတွက် တားမြစ်နယ်မြေတစ်ခုလို သတ်မှတ်ခဲ့သည်။

တစ်ခါတစ်ခါတော့ သတိရတက်သည့် နှလုံးသားလေးအား မာန်မဲရသေးသည်။

"Hyung အစောကြီးပဲ"

"အင်း ဟုတ်တယ် ဒီနေ့နားချင်လို့ စောစောပြန်လာတာ"

"Hyunee ရော ဒီနေ့ဘယ်မှ သွားဖို့အစီအစဉ်မရှိဘူးလား"

"မရှိပါဘူး။ ဘာဖြစ်လို့လဲ hyung"

"အပြင်သွားမလား။ ဒို့ညီအစ်ကိုနှစ်ယောက် ထွက်မလည်ရတာကြာပြီလေ"

"ကောင်းသားပဲ ဟီးဟီး"

"သွား အခုတော့ အဖွားကျေနပ်အောင် ထမင်းသွားစားလိုက်ဦး"

"Yes Sir!"

နောက်သလို ပြောင်သလိုဖြင့် ပြေးဆင်းသွားသော ညီဖြစ်သူအားကြည့်ကာ Junmyeon ခေါင်းခါ၍ ပြုံးမိသည်။
ထို့နောက် လက်ထဲက ဝင်လာသော ဖုန်းလေးကြောင့် တောက်ပသောအပြုံးလေးပြုံးကာ အခန်းထဲသို့ ဝင်သွား၏။

Perfect StrangerWhere stories live. Discover now