^62^

2.2K 322 48
                                    

"Sehun na...."

"အိပ်တော့လေ နေမကောင်းနေတဲ့ဟာကို"

မှီနေသော ခေါင်းအုံးကိုအသာထုတ်ကာ လှဲဖို့ရာအဆင်ပြေအောင်လုပ်ပေးနေသော Sehun။

"ငါအိပ်ထားတာတော်တော်များနေပြီ အခုလုံးဝကိုမအိပ်ချင်တာရယ်"

"ငါ Minseok hyung ကို အိပ်ဆေးလာထိုးခိုင်းမှနဲ့တူတယ်"

"စိတ်ပုတ်လိုက်တာ"

မျက်စောင်းလေးထိုးပြီး စူပွပွနှင့်ပြောလာလေသော Baekhyun။

"လာ လှဲတော့"

ပြုံးစိစိမျက်နှာနှင့် Sehun မှာ ကျွန်တော့်ကို အိပ်အောင်သာ တိုက်တွန်းနေ၏။

"မင်းမပင်ပန်းဘူးလား ငါ့ကိုစောင့်နေရတာလေ"

"စိတ်ပူနေရတာနဲ့ ပင်ပန်းဖို့တောင်မအားပါဘူးကွာ"

ကုတင်ဘေးကခုံဘေးတွင် ဝင်ထိုင်ကာပြောလာသော Sehun မျက်နှာကိုသာ ကျွန်တော်ငေးကြည့်နေမိသည်။

"ကျေးဇူးပါ...ငါတစ်ကယ်ကျေးဇူးတင်တာ"

"နောက်ခါ လူဆိုးသာမလုပ်နဲ့"

"လူဆိုး ဟားဟား"

ကျွန်တော်ရယ်အားရပါးရရယ်လိုက်မိသည်ကြောင့် အောင့်ခနဲဖြစ်သွားသော ဝမ်းဗိုက်ဘယ်ဘက်ခြမ်းအား လက်ဖြင့်လှမ်းဖိလိုက်ရသည်။

"ကြည့်! အဲ့လိုကိုပြောစကားနားထောင်တာ။ နာနေသေးလား ငါ ဒေါက်တာပြေးခေါ်လိုက်မယ်လေ"

"ရတယ်ရတယ် ငါ ရယ်တာလွန်သွားလို့ပါ"

"မရယ်နဲ့တော့ ငြိမ်ငြိမ်လေးနေ။ Jong Dae က အန်တီတို့နဲ့ပါသွားတယ်"

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်ကာ ငြိမ်နေလိုက်သည်။

"Sehun na..."

"Imm"

"ငါတို့သူငယ်ချင်းသုံးယောက် ခရီးတူတူထွက်ရအောင်"

"သွားလေ မင်းဘယ်သွားချင်လဲ"

"ပင်လယ်"

"ရူးနေလား ဒီလောက်အေးနေတာကို ပင်လယ်သွားရအောင်"

ကျွန်တော်ရယ်ဖို့ ဟန်ပြင်လိုက်တော့ ချက်ချင်းပါးစပ်ကိုလာအုပ်လေသော Sehun ။

Perfect StrangerWhere stories live. Discover now