"လာမည့် Chirstmasနေ့တွင် နှင်းများပိုမိုကျဆင်းမည်ဟု ကျွန်မတို့မိုးလေဝသခန့်မှန်းချက်မှ မှန်းယူရရှိပါသည်ရှင်"
TV တွင်လွှင့်နေသောမိုးလေဝသ အခြေအနေကြောင့် ပြုံးမိသွားသည်။
နှင်းဖွေးဖွေးတွေကြားက အဖြူရောင် Chirstmas လေးဖြစ်လာတော့မည်။
"သားငယ် အပြင်မသွားဘူးလားဒီနေ့"
မနက်နိုးထဲက ဧည့်ခန်းထဲရှိ TV ရှေ့တွင်ထိုင်နေသော ကျွန်တော့်အား အပြင်သွားရန်ပြင်ဆင်ပြီးထွက်လာသော Mommy မှ မေးလေ၏။
"ဟင့်အင်း ဘာလို့လဲ Mommy?"
"ဗိုက်ဆာရင် ကြည့်စားလိုက်နော် mommy ပြင်ထားခဲ့တယ် စားပွဲပေါ်မှာ"
"ဟုတ်ကဲ့ Mommy"
ပိုက်ဆံအိတ်အားစားပွဲပေါ်တင်ခဲ့ကာ အခန်းထဲပြန်ဝင်သွားသော Mommy။
ခေါင်းထဲတွင် တစ်ခုစဉ်းစားမိသွား၏။
"Mommy သား ဆိုင်လိုက်ခဲ့ချင်လို့"
"ဟေ? လိုက်ခဲ့လေ သား"
"အာ့ဆို mommy ခနလေးနော်"
အပေါ်သို့ပြေးတက်ကာ အင်္ကျီလဲခြင်းအမှု့အား အမြန်ဆုံးပြင်ဆင်ရပြန်သည်။
Sun cream လေးအား လက်ထဲသို့အနည်းငယ်ထည့်ကာ မျက်နှာပေါ်တွင် နှံ့နေအောင်ပွက်လိုက်၏။
လျှော်ထားသောဆံပင်အား တစ်ချက်နှစ်ချက်သပ်လိုက်ကာ hairspray အားပုံကျစေရန်ဖြန်းလိုက်သည်။
ဝတ်ထားသော T shirt အဖျားလေးအား လည်ပင်းအဖျားလေးပေါ်အောင်မလိုက်ပြီး သုံးလက်စ perfume အားဖျန်းလိုက်ကာ hoodie တစ်ထပ် ထပ်ဝတ်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်အား ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်။
ထောင်ထားသော ကိုယ်လုံးပေါ်မှန်အား တစ်ချက်ပြန်ကြည့်လိုက်ကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။
"ပြီးပြီလား သား"
"ပြီးပြီ Mommy"
ပိုက်ဆံအိတ်ကိုယူကာ အရှေ့မှထွက်သွားသော Mommy နောက်သို့လိုက်ခဲ့တော့သည်။
"ရော့သား"
ကားသော့အား ယူလိုက်ကာ driver set တွင် နေရာယူလိုက်သည်။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]