^38^

2.7K 402 26
                                        

ဝေဝါးလာသောမျက်ဝန်းများနှင့်အတူ ချစ်ရသောတစ်စိမ်းသူသည်လဲ ကျောခိုင်းကာထွက်သွားခဲ့လေပြီ။

ကျဆင်းလာသောမျက်ရည်စက်များအားမဖယ်ရှားမိပါဘဲ သူရှိနေမည်ဟုထင်မှတ်သော အကာအရံနောက်ကိုသာ ငေး၍ကြည့်နေမိသည်။

ငါတို့ထပ်ပြီးဝေးကြရဦးမှာပါလား။

မရွေ့ချင်သောခြေလှမ်းတို့အားရွှေ့ကာ လေဆိပ်အပြင်သို့ထွက်လိုက်လျှင်ပင် ဟာတာတာဖြစ်လာသောရင်အစုံ။

ကိုယ်ဆွဲထားလျှင်ရသော်ငြား မဆွဲထားရက်ခဲ့ပါ။

နောင်အနာဂတ်အတွက် ကျွန်တော်တို့မှာရည်မှန်းချက်များစွာရှိနေသေးတယ်လေ။

ကောင်းကင်ယံသို့မော့ကြည့်ကာ ထွက်ခွာသွားတော့မည့် တစ်စိမ်းသူလိုက်ပါစီးနှင်းသည့်လေယာဉ်အား စောင့်နေမိသည်။

နာရီအနည်းငယ်အကြာတွင် ကောင်းကင်ပေါ်သို့ပျံတက်သွားသောလေယာဉ်အား တိမ်တွေကြားထဲဝင်ရောက်သွား သည်အထိ ငေးမောကြည့်နေခဲ့သည်။

"ခရီးလမ်းချောမွေ့ပါစေ သူစိမ်းသူ"

စွတ်စိုနေသောမျက်ဝန်းများမှအေးမြမှု့ကိုခံစားနေရသည်ကြောင့် လက်ဖြင့်သာ အသာအယာဖယ်ရှားပြီး ကျောင်းသို့ပြန်ရန်ကားငှားလိုက်သည်။

မင်းသိပ်ကြိုက်တဲ့ Perfect stranger သီချင်းထဲကလိုပေါ့ ငါတို့နှစ်ယောက်က ဒီနေ့မှာကုတင်တစ်ခုတည်း အတူတူအိပ်စက်နေပေမယ့် နောက်နေ့ကျ အဝေးကြီးဝေးကြတဲ့ အချစ်ဆုံးသောတစ်စိမ်းတွေလေ။

ချစ်စကားဆိုခဲ့ကြသောလမ်းလေးထဲရောက်တော့ မကြာသေးခင်ကအချိန်တွေကလွမ်းရပြန်၏။

မင်းကငါ့ကိုနေရာတိုင်းမှာ လွမ်းအောင်လုပ်နိုင်ပါလွန်းတယ် တစ်စိမ်းသူရာ။

ကျောင်းထဲသို့လျှောက်လာလိုက်တော့ အနွေးထည်ကဦးထုပ်ကိုဆောင်းကာ ကျွန်တော့်ဆီကိုလျှောက်လာလေသော Kyung Soo ။

"မအေးဘူးလား Kyung Soo အပြင်ထွက်စောင့်နေတာ"

"ရတယ် ငါလဲ အခန်းထဲလုပ်စရာမရှိလို့"

နှစ်ယောက်သား အဆောင်သို့တစ်ရွေ့ရွေ့လျှောက်သွားလိုက်ကြရင်း ကျောင်းဖွင့်ရက်အတွက် တိုင်ပင်နေမိသည်။

Perfect StrangerWhere stories live. Discover now