^61^

2.2K 368 67
                                        

"ဟင်? Chanyeol...."

အပြင်ကိုဖုန်းထွက်ပြောသော Sehun ဝင်လာသည်အထင်နှင့် ကျွန်တော်လှည့်ကြည့်မိတော့ ရဲနေသော မျက်ဝန်းများနှင့် တစ်စိမ်းသူသည် ပုံစံပျက်လျှက်။

"Baekhyunee....."

တစ်စိမ်းသူ၏ ဆို့နင့်နင့်ခေါ်သံသည် အေးချမ်းမှု့မရှိလျှက်။

ကျွန်တော့်လက်လေးကိုအသာကိုင်ကာ ငေးမောကြည့်လာသောတစ်စိမ်းသူ၏မျက်ဝန်းသည် ဝမ်းနည်းရိပ်များ သန်းလျှက်။

"ဘယ်တွေရောက်နေခဲ့တာလဲ Chanyeol "

"ငါ...ငါမှားသွားခဲ့တယ် Baekhyunee ငါ မင်းအပေါ်ကို မှားသွားခဲ့တယ်"

ကျွန်တော်အလျှင်အမြန်စဉ်းစားမိသည်က ကျွန်တော်မဟုတ်သော တစ်ခြားတစ်ယောက်နှင့် တစ်စိမ်းသူ၏ပြဿနာ အချို့ ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။

"မင်းမဟုတ်တဲ့အတိုင်းပျော့ညံ့လိုက်တာ။ ငါ့ကိုသာ သေချာပြော"

ကျွန်တော့်စကားအဆုံးတွင် တစ်စိမ်းသူသည် ထိန်းထားသမျှအားဖွင့်ချကာ ရှိုက်ငိုခဲ့လေသည်။

ဒါ ကျွန်တော်မမြင်ဖူးလေသော သူစိမ်းသူ၏ပုံစံ။

ရင်ထဲက စိုးရိမ်မှု့တို့နှင့်အတူ ကျွန်တော့်အတွေးများကို အဆုံးအစွန်ထိ နယ်ချဲ့ပစ်ခဲ့သည်။

တစ်စိမ်းသူကျွန်တော့်ကို ထားရစ်လောက်သည့်အထိပေါ့။

"ငိုလိုက် မင်းငိုလို့ရင်ထဲပေါ့သွားမယ်ဆို ငိုပစ်လိုက် Chanyeol"

တစ်စိမ်းသူ၏ ငိုကြွေးမှု့၌ ကျွန်တော့်မျက်ဝန်းတို့သည် ပုလဲမခခဲ့။

သို့သော် တစ်စုံတစ်ရာကိုတော့ မသိမသာစိတ်ပူနေမိသည်။

ကျွန်တော်သက်ပြင်းမောတစ်ခုကိုချလိုက်ကာ သူစိမ်းသူ၏ ဂျယ်မသုံးထားသောခပ်ဖွာဖွာဆံပင်တို့အား ပွတ်သပ်ပေးနေမိသည်။

"တောင်းပန်ပါတယ်"

မိနစ်အနည်းငယ်မျှ မျက်ရည်မိုးသွန်းပြီးချိန်တွင် တစ်စိမ်းသူဆိုလာသည့်စကားက 'တောင်းပန်ပါတယ်' တဲ့။

"မင်းမှာဘာအမှားရှိလို့ တောင်းပန်တာလဲ Chanyeol"

ကျွန်တော့်လေသံခပ်အေးအေးနောက်တွင် ကျွန်တော်နှင့်အကြည့်ချင်းစုံအောင်မော့ကြည့်လာသော တစ်စိမ်းသူ။

Perfect StrangerWhere stories live. Discover now