^52^

2.1K 358 26
                                    

"အစ်ကို Yixing မတွေ့ရတာတောင်ကြာပြီ"

"ဟုတ်ပါ့ကွာ "

ကျွန်တော်အပေါ်ကနေဆင်းလာကာ hyung တို့နှင့် ဧည့်ခန်းတွင်ထိုင်ကာ စကားပြောနေသော အစ်ကို Yixing ကို လှမ်းနှုတ်ဆက်လိုက်တယ်။

"အကို ဒီနေ့ မ date ဘူးလား"

"အာ Chirstmas date?"

ကျွန်တော်ခေါင်းအသာငြိမ့်ပြတော့ အစ်ကို Yixing က မျက်လုံးများပိတ်သွားသည်အထိ ရယ်ပြ၏။

"အခုလဲ date နေတာပဲလေ hyunee ရဲ့ အဟား"

ကျွန်တော်ပါရယ်လိုက်ပြီး မနက်စာ စားရန် ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။

အုပ်စောင်းလေးဖြင့်အုပ်ထားသော ကြက်ဥကြော်၊ အရန်ဟင်းအချို့နှင့် ထမင်းကြော်လေး။

သို့ပေမယ့် ရင်အခုန်ပဲလွန်နေတာလား ညက ပဲအစားများလို့လားမသိ ဗိုက်သည် မဆာနေခဲ့ပါ။

ကိစ္စတစ်ခုခုရှိလျှင် ဗိုက်မဆာတက်သော ကျွန်တော်သည် တစ်စိမ်းသူကြောင့် ရင်ခုန်တာပါ အဆစ် တိုးလာရသည်။

မစားရင်တောင် တစ်ခုခုသောက်သွားသည်က အဆင်ပြေတာမို့ ရေခဲသေတ္တာထဲက နွားနို့ဘူးကိုထုတ်ကာ ကိုင်းခွက်လေးထဲငှဲ့ထည့်လိုက်ပြီး microwave နှင့် အပူပေးလိုက်သည်။

အချိုပါပြီးသားဖြစ်သည့်အတွက်ကြောင့် သောက်ရန်ကာ အဆင်သင့်ပင်။

တစ်ငုံသောက်ကာ စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။

ဧည့်ခန်းဘက်ကအသံတွေသည် တစ်ခုခုကိုရယ်မောနေတာကြောင့် ကျွန်တော်အသာပြုံးမိသည်။

အရမ်းချစ်တက်သော အစ်ကို Yixing သည် hyung အတွက် လက်တွဲဖော်ကောင်းတစ်ယောက်လို့ပင်မှတ်ယူလို့ ရသည့်အနေအထား။

ဒါဆို ကျွန်တော်နဲ့ တစ်စိမ်းသူကရော...။

လက်တွဲဖော်ကောင်းတွေဖြစ်ပါစေလို့ ရူးနှမ်းစွာ ဆုတောင်းခဲ့ခြင်းမရှိလေသော ကျွန်တော်သည် အနာဂတ်မှာ တစ်စိမ်းသူလက်ကိုတော့ ရဲရဲဝံ့ဝံ့ဆုပ်ကိုင်ထားချင်သေးတယ်။

ငါ မင်းအပေါ် လောဘတွေ တစ်ရိပ်ရိပ်တက်လာမိပါလားနော်။

အနည်းငယ်အေးသွားပြီဖြစ်သော နွားနို့အားတစ်ချိုက်တည်းမော့ကာ ပန်ကန်ဆေးစင်၌ ဆေးပြီး ရေစစ်ကာ မှောက်ထားခဲ့လိုက်သည်။

Perfect StrangerWhere stories live. Discover now