^75^

2K 233 34
                                    

ကျွန်တော်လေယာဉ်ပေါ်တက်လာတော့ ခရီးသည်အနည်းအကျဉ်းသာရှိသေးသည်။

လေယာဉ်မယ်လေး၏ကြိုဆိုနှုတ်ဆက်စကားအားနားဆင်ပြီးနောက် လက်မှတ်ပါ ခုံနေရာသို့ရှာဖွေရသေးသည်။

အချိန်တိုအတွင်းမှာပင်ရှာတွေ့သွားသောခုံလေးသည် ပြတင်းပေါက်ဘေး၌တည်ရှိနေသည်ကြောင့် စိတ်သက်သာရာရသွားသည့်အပြင် ဘေးနားတွင်အတူစီးနင်းလိုက်ပါမည့် ခရီးသည် သည်လည်းရောက်မလာသေးပေ။

ခုံ၌ဝင်ထိုင်ပြီး လိုက်ကာပိတ်ထားသော ပြတင်းပေါက်မှန်ကာအားဖွင့်လျှက် မှောင်မည်းမည်းကောင်းကင်ကြီးနှင့်အပြိုင် တောက်ပနေသော လေယာဉ်ပြေးလမ်းအချို့နှင့် အဝေး၌သက်ဆင်းလာသော လေယာဉ်တို့အား ငေးမောကြည့်ရှု့နေလိုက်သည်။

ထွက်ခွာရန်အချိန်အနည်းငယ်လိုသေးသဖြင့် မျက်စိရှေ့ရှိခုံနောက်မှီမှ နားကြပ်ကိုယူကာ LED screen ၌အလုပ်ပေးကာရှာဖွေလိုက်တော့ ကိုရီးယားသီချင်းအချို့နှင့် အင်္ဂလိပ်သံစဉ်သီချင်းများကိုတွေ့ရ၏။

နားထဲ၌ ခပ်တိုးတိုးပျံ့လွင့်လာသော သီချင်းသံနှင့်အတူ နှုတ်ဆက်ခွင့်မရခဲ့သောတစ်စိမ်းသူအား လွမ်းမိပြန်သည်။

စိတ်ထဲ၌ဖျောက်လို့မရသည်မို့ မျက်ဝန်းများအသာမှိတ်ကာ ကြားနေရသော သီချင်းသံအချို့ကိုသာ စိတ်ထဲ၌ လိုက်လံညည်းတွားနေမိသည်။

မိနစ်ပိုင်းအတွင်း စီးမြောသွားသော သီချင်းသံသည် စိတ်၏မသိနိုင်တဲ့မြောလွင့်ခြင်းဘက်သို့ရောက်သွားချိန်မှာ ပြတ်တောက်သွားသော သံစဉ်များကြောင့် အသိစိတ်ပြန်ကပ်ကာ မှိတ်ထားသောမျက်ဝန်းများသည် ဖျက်ခနဲပွင့်လာခဲ့၏။

"လေယာဉ်ထွက်တော့မှာ safety-belt ပတ်ထားဦး"

ပြောလာသူအားကြောင်အစွာကြည့်နေမိသည့်ကျွန်တော့်ပုံစံသည် ဆေးမိနေသောသူတစ်ဦးကဲ့သို့ပင်။

ကိုယ်တိုင်ကိုယ်ကျ safety-belt အားပတ်ပေးသူ၏လက်အား လှမ်းဆွဲကာ ကျွန်တော်မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။

"Chanyeol??"

"မတွေ့တာ တစ်ရက်ပဲရှိသေးတာ ကိုယ့်ကိုမမှတ်မိတော့ဘူးပေါ့"

Perfect StrangerWhere stories live. Discover now