^6^

4.2K 473 12
                                    

"Hyunee သိပြီးပြီလား"

"ဘာကိုလဲ hyung "

ကားမောင်းနေရင်းဖြင့်လှည့်မေးလာသော hyung။

"ဘူဆန်မှာ ဆန်အရက်နဲ့ ဝိုင်နီ တစ်အားနာမည်ကြီးနေတယ်တဲ့"

"သိတောင်မသိဘူးရော် အိမ်ရောက်ရင် လိုက်ပို့ပေးဦးလေ လက်ဆောင်ပေးရအောင် သွားဝယ်ဖို့"

"အင်း သွားတာပေါ့"

Rest area တွင် ခေတ္တနားချိန် စားစရာသောက်စရာများနဲ့ ဆွဲဆောင်နေသော ဆိုင်တွေကြောင့် လူက အလိုလိုပြုံးမိ၏။

"စားချင်တာ မှာထားနှင့် hyung အနောက်ခနသွားပြီး လာခဲ့မယ်"

ဗိုက်ကလဲ ဆာနေသည်မို့ ပင်လယ်စာခေါက်ဆွဲတစ်ပွဲအား အမြန်ပင်မှာယူလိုက်၏။

ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဘူဆန်မှာတော့ ပင်လယ်စာအစုံရသည်လေ။ ဒီမှာ ချက်ပြုတ်တဲ့ ပင်လယ်စာ တွေကလဲ ဘူဆန်က တင်သွင်းတာဆိုတော့ ခံတွင်းယဉ်၏။

"ဘာမှာထားလဲ hyunee"

"ခေါက်ဆွဲ။ hyung ကော ဘာစားဦးမလဲ"

"အင်း... စားတာပေါ့ တစ်နာရီလောက် မောင်းကဦးမှာဆိုတော့ ဗိုက်ဖြည့်ထားမှပဲ"

ညီအစ်ကိုနှစ်ယောက် စကားတစ်ပြောပြောဖြင့်စားလိုက်ရာ မိနစ်ပိုင်းသာကြာသည်။

ကားပေါ်တွင် စားရန် Snack များ ဝယ်ယူပြီးချိန်မှာတော့ ဘူဆန်သို့ခရီးဆက်ခဲ့ကြ၏။

ဘူဆန်နားနီးလာလေ ရှူရသော လေတွေက ပို၍လတ်ဆတ်လာလေပင်။

ပင်လယ်ရေ၏ ဆားအနံ့သင်းပျံ့သော လေထုသည် နောက်ကြည့်နေသော စိတ်များအားလန်းဆန်းစေပါ၏။

ကားအတွင်းပျံ့လွင့်နေသော Taeyeon ၏ 11:11 သီချင်းသည်လဲ လိုက်ဖက်ညီစွာ။  တစ်ကြိမ်တစ်ခါက ရောက်မလာခဲ့သော တစ်စိမ်းသူအား အရူးတစ်ယောက်လို ရပ်စောင့်နေခဲ့သည့် အချိန်များအား ပြန်သတိရစေ၏။

အရာရာကို သိပ်လွှမ်းမိုးလွန်းတယ် တစ်စိမ်းသူရယ်။

မိနစ်အနည်းငယ်မျှမောင်းနှင်ပြီးချိန်တွင် အိမ်၌ ခရီးဆုံး၏။

Perfect StrangerDove le storie prendono vita. Scoprilo ora