^36^

2.9K 453 48
                                    

"စားလေ Chanyeol"

ထမင်းပန်းကန်တွေကိုသာငေးကြည့်နေသော Chanyeol သည် တူမကိုင်ထားသောကျွန်တော့်လက်တစ်ဖက်အား လာရောက်ဆုပ်ကိုင်လေရဲ့။

"ဘာဖြစ်လို့လဲ"

"ငါ ရူးနေပြီထင်တယ် Baekhyunee"

"ဟင်? ပေါက်ပေါက်ရှာရှာကွာ"

"ငါမင်းကိုမမြင်ရရင်ဒီထက်ပိုရူးလိမ့်မယ်ထင်တယ်"

"မင်းမမြင်ရအောင် ငါ ကမင်းအနောက်မှာမှမဟုတ်တာ အရှေ့မှာထိုင်နေတာပဲကို အပိုတွေ စားမှာဖြင့်စားစမ်းပါ"

ထမင်းကြော်အားတစ်လုပ်ယူဝါးပြီး ကျွန်တော့်အားပြန်မော့ကြည့်လာလေရဲ့။

ထို့နောက်သူသည် လက်လေးပိုက်ကာ ပါးစပ်လေးဟပြလေ၏။

"ပူလို့လား မှုတ်စားလေ"

သူဘာကိုဆိုလိုသည်ကိုကျွန်တော်သိသော်လည်း မသိချင်ယောင်ဆောင်ကာ ထမင်းဆက်စားနေလိုက်သည်။

"Baekhyunee အာ....အာ လို့"

"ရော့ တစ်လုပ်ပဲရမယ် ကျန်တာ ကိုယ့်ဘာကိုယ်ဆက်စား"

အသားကင်လေးအားထမင်းပေါ်တင်ပြီးခွံ့လိုက်တော့ ခပ်ပြုံးပြုံးသာဝါးနေ၏။

"အာ....အကျယ်ကြီးဟ"

ကျွန်တော်သူ့ကိုမျက်လုံးများမှေးကြည့်လိုက်ပြီး ခွံ့လာသည်အားစားလိုက်၏။

Park Chanyeol ဒီနေ့အတော်ပင်ထူးဆန်းနေသလိုပင်။

"မင်းစားသာစားနေတာ အရသာရော မင်းအကြိုက်နဲ့အဆင်ပြေရဲ့လား ငါက ငါကြိုက်တဲ့အရသာအတိုင်းပဲ ချက်ထားတော့လေ"

"အင်း ပြေတယ် အတော်ကိုပြေတယ်"

"အင်းပါ ဖြေးဖြေးစား"

ဝက်ချိုချဉ်တစ်ဖတ်အား သူ့ ပန်းကန်ထဲထည့်ပေးလိုက်ကာ ကျွန်တော် စားစရာရှိတာကို လက်စ သတ်လိုက်၏။

"တော်ပြီလား Baekhyunee"

"အင်း။ အေးဆေးစား ငါ မင်းစားလို့မပြီးမချင်းထိုင်စောင့်နေပေးမယ်"

"အား!! ငါ ဘာလို့ ဒီလောက်ကံတွေကောင်းနေရတာလဲကွာ"

"မင်းကလဲ အလန့်တကြားနဲ့"

Perfect StrangerWhere stories live. Discover now