^72^

1.6K 217 17
                                        

"ငါတစ်ယောက်ယောက်နဲ့ ဒိတ်လုပ်သင့်လား"

တရှဲရှဲမြည်နေသော အကင်မီးဖိုကြားမှ တိုးထွက်လာသော Jong Dae စကားက ခပ်တိုးတိုးရယ်။

"မင်း ဒီအရွယ်တောင်ရောက်နေပြီပဲ ဒိတ်သင့်တာပေါ့ဟ။ အဆင်ပြေမယ့်သူတွေ့ထားလား??"

ကျွန်တော် အားတက်သရောမေးနေသည်ကို Sehun ကဘေးကငြိမ်ပြီးနားထောင်နေသည်။

"အင်း.....အရမ်းကိုအနေအေးလွန်းတဲ့ hyung တစ်ယောက်"

ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ အနည်းငယ်ရေချိန်ကိုက်ချင်နေသော Jong Dae က အပြစ်ကင်းစင်လျှက်။

"တစ်ခါလောက်တော့ ဒိတ်ကြည့်ဖို့ ငါအကြံပေးချင်တယ်"

ခွက်ထဲက လက်ကျန် soju အားမော့ချလိုက်ပြီး ခပ်ငြိမ်ငြိမ်ပြောလာသော Sehun စကားကို ကျွန်တော်လဲ ခေါင်းငြိမ့်ထောက်ခံမိသည်။

"ငါတစ်ကယ်ကြိုက်မိသွားရင် ဘယ်လိုလုပ်မလဲ"

နှုတ်ခမ်းအနည်းငယ်စူကာ ပွစိပွစိပြောလာသော Jong Dae မှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးထက် မူကြိုကလေးနှင့်ပင်ပိုတူနေ၏။

"ဟ! ကြိုက်တော့ ဖွင့်ပြောပေါ့ကွာ။ မင်းပြောပြလိုက်စမ်းပါဦး Oh Se ရာ"

မဟုတ်တာကိုကလေးလေးလိုတွေးပူနေတဲ့ Jong Dae ကို ဖြောင်းဖျရန် Sehun ကိုပါစစ်ကူတောင်းနေမိသည်။

"Hyunee ပြောတာကို မင်းစိတ်ကူးမလွဲသင့်ဘူး Jong Dae ya"

"ငါဘယ်အချိန်သွားပြောရမလဲဟင်"

Jong Dae အဖြစ်က ပြေမလိုနဲ့ထုံးနေတဲ့ ကြိုးလို။

သူတစ်ယောက်တည်းကို အတွေးပေါင်းစုံနဲ့ပတ်ရှုပ်နေတော့တာပဲ။

"ငါတို့ကိုပြောပြဦးလေ မင်း သဘောတွေ့နေတဲ့ hyung"

"Ph.D တန်းက စီနီယာ Kim လား"

Sehun က သိသလိုပြောလာတာမို့ ကျွန်တော် Sehun ဘက်ကိုတစ်လှည့် ပြန်ဖြေမယ့် Jong Dae ဘက်ကိုတစ်လှည့်ကြည့်နေလိုက်သည်။

"အင်း....မင်းကဘယ်လိုသိတာလဲ Sehun"

Sehun ကတော့လေပါတယ်ဆိုတဲ့အကြည့်နဲ့ကြည့်ကာ ခေါင်းတစ်ခါခါနှင့်။

Perfect StrangerМесто, где живут истории. Откройте их для себя