အပိုင်း (၁၈၄)

192 19 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၄ )
Chapter 184     ရှေးဘုရင်တွေနဲ့ ဧကရာဇ်တွေ

"မိစ္ဆာသားရဲရဲ့ အရှိန်အဝါအော်ရာထက်တောင် ပိုဆိုးနေတယ်။ ဟုတ်လား။" 
  ကျောက်ဖူ ဒီကောင်လေး ယခင်က ထုတ်လွှတ်ခဲ့တဲ့ မကောင်းဆိုးဝါးဆန်တဲ့ အပြစ်သား မိစ္ဆာ အရှိန်အဝါတွေကို ပြန်လည်စဉ်းစားမိကာ ကောင်လေးကို တစ်ချက်ပြန်ကြည့်လိုက်ပြီး၊ နိုးလာမယ့် အချိန်ကို စောင့်နေခဲ့ပါတယ်။

  ပန်းနတ်သမီးသုံး‌ေယာက်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ‌ေတာ့ ကောင်းကင်နတ်ဆိုးက အလွန်အမင်းမနှစ်မြို့ဖွယ်ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကောင်းကင်နတ်ဆိုးမိစ္ဆာ ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူမက ပန်းနတ်သမီး သုံးယောက်ကို အေးစက်တဲ့ ဟန့်သံတစ်ချက် မြည်လိုက်ပြီး၊ထိတ်လန့်စေခဲ့ပါတယ်။

  ကျောက်ဖူ သူတို့ကို ဘေးကင်းတယ်လို့ အထပ်ထပ်အခါခါပြောမှသာ ပန်းနတ်သမီး သုံးယောက် စိတ်ချသွားခဲ့ပြီး၊ ကျောက်ဖူ နားကို ရောက်လာကာ ငြိမ်သက်‌ေနခဲ့ကြပါတယ်။

အချိန်တဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီး၊ မကြာမီမှာပဲ ကောင်းကင်က မှောင်မိုက်သွားခဲ့ပါပြီ။  ကောင်းကင်မှာ‌ေတာ့ လမင်းက ထိန်ထိန်သာနေခဲ့ပါတယ်။ ကျောက်ဖူ ယုန်အနည်းငယ်ကို ကင်ဖို့အတွက် မီးပုံဖိုဖို့ မီး‌ေမွှးလိုက်ပါတယ်။

ပန်းနတ်သမီး သုံးယောက်က ကျောက်ဖူရဲ့ အဝတ်အစားထဲကို ဝင်ရောက် အနားယူနေခဲ့ကြပြီး၊ ခဏအကြာမှာပဲ အိပ်ပျော်သွားခဲ့ကြပါတယ်။ ကျောက်ဖူ မီးပုံဘေးမှာ ထိုင်‌ေနခဲ့ပြီး၊ ယုန်ကင်စားဖို့ ပြင်နေတုန်းမှာပဲ ကောင်လေး နိုးလာတာကို တွေ့ရှိလိုက်သည်။

ဒီကောင်လေးက ဒဏ်ရာသက်သာလာတာဟာ အတော်လေး လျင်မြန်ခဲ့ပုံပါပဲ။ အခုဆို သူ့ကို ကြည့်ရတာ တော်တော်လေး သက်သာသွားခဲ့ပုံရပါတယ်။ ဒါက ကျောက်ဖူ သူ့ကို တိုက်ထားတဲ့ ဒဏ်ရာသက်သာဆေး၊ သတ်ဖြတ်ခြင်း အဆင်တန်ဆာနဲ့ သူ့ရဲ့ ခန္တာကိုယ် ဖွဲ့စည်းပုံကြောင့်ဖြစ်နိုင်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now