အပိုင်း (၁၅၂)

188 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၅၂ )
Chapter  152         ဘုရင့်ရဲ့ နက်နဲသိမ်မွေ့မှု

လှောင်ပြောင် ရယ်မောလိုက်ပြီးနောက် ကျောက်ဖူ သူ့ပတ်၀န်းကျင်မှာရှိ‌ေနတဲ့ လူတွေကို အေးစက်စွာကြည့်လိုက်ပြီး၊ လွှမ်းမိုးနိုင်တဲ့ အသံနဲ့ဖြေးညှင်းစွာ ပြောလိုက်ပါတယ်။

“ ဒီဘုရင်က မင်းတို့အားလုံးကို သေဒဏ်ချလိုက်ပြီ!”

ရုတ်တရက်ပဲ  ကျောက်ဖူ ကောင်းကင်နတ်ဆိုးဓါးနဲ့ သူ့လက်ဖဝါးကို လှီးလိုက်တဲ့ အခါမှာတော့  အနီရောင်နဲ့ ရွှေ‌ေရာင် ထွက်နေတဲ့ သွေးတွေက ဓါးပေါ်ကို စီးကျသွားခဲ့ပါတယ်။ ဘုရင့်ရဲ့ သွေးကို ခံစားလိုက်ရတာကြောင့် ကောင်းကင် နတ်ဆိုးဓါးဟာ ကျေနပ်ပျော်ရွှင်သွားခဲ့ပြီး၊ နတ်ဆိုး အငွေ့အသက်တွေဟာလည်း ပိုသန်မာလာခဲ့ပါတော့တယ်။

စွတ်!

ကျောက်ဖူ ဓါးကို မြေပြင်ကို ထိုးစိုက်လိုက်တဲ့ အခါမှာတော့ မရေမတွက်နိုင်အောင် များပြားလှတဲ့ နတ်ဆိုး ချီ တ္ဟော ဓါးကနေ စီးထွက်သွားခဲ့ပြီး၊ မြေပြင်‌ေပါ်ကို မြစ်ချောင်းတွေလို စီးဆင်းသွားခဲ့ပါတယ်။

မြေပြင်ဟာ အနက်ရောင်အဖြစ် စတင်ပြောင်းလဲသွားခဲ့ပြီး၊ ရုတ်တရက် အနက်ရောင်အကျယ်အဝန်း ဟာ  ၁၀၀၀မီတာ‌ေလာက်ကျယ်တဲ့ အဝန်းအဝိုင်းကြီးတစ်ခုလို ဖြန့်ထွက်သွားခဲ့ပါပြီ။

ကျောက်ဖူ အေးစက်စွာ ရယ်မော‌ေနခဲ့ပြီး၊ သူ့ဆီကို ပြေးဝင်လာတဲ့ လူအုပ်ကြီးကို ကြည့်နေခဲ့ပါတယ်။ အဲ့ဒီ့နောက် သူရဲ့ သွေးထွက်နေတဲ့ လက်ကိုမြှောက်လိုက်ပြီး၊ အဲ့ဒီ့သူတွေဆီကို  ညွှန်ပြလိုက်ကာ ညှင်သာစွာနဲ့ ဟစ်ကြွေးလိုက်ပါတယ်။
“ ဘုရင့်ရဲ့ နက်နဲသိမ်မွေ့မှု - နတ်ဆိုး ပိုင်နက်  - အလောင်း တစ်သောင်းမြှုပ်နှံခြင်း!”

ဘုန်း !!

ကျောက်ဖူရဲ့ လက်ဖဝါးမှ အနက်ရောင် အလင်းတစ်ခုထွက်ပေါ်လာကာ နတ်ဆိုးရဲ့ ပုံသဏ္ဌာန်ဖြစ်ပေါ်လာခဲ့တာကြောင့် ဒီလိုကြီးမားတဲ့ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာခဲ့တာပါ။  ရုတ်တရက်ပဲ  ပုံသဏ္ဍာန်မဲ့ စွမ်းအင်အချို့က တားမြစ်ထားတဲ့ စွမ်းအားပါဝါတွေကို ထုတ်လွှတ်လိုက်တာကြောင့် ဒီအရာက ထွက်‌ေပါ်လာခဲ့တာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now