အပိုင်း (၁၁၈)

200 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၈ )
Chapter 118         ဘုရင်တွေ၊ ဧကရာဇ်‌ေတွ ဖြစ်ဖို့ အခွင့်အရေး

သတင်းကောင်းကတော့ သူတို့ဟာ လေဟာနယ် သားရဲတစ်ကောင်ကို ဖမ်းမိတာမျိုး ဒါမှမဟုတ် လေဟာနယ် သားရဲတွေနဲ့ ပက်သက်နေတဲ့ သတင်းမျိုး မဟုတ်ခဲ့ပဲ၊ ဘိုင်ချီက  စိတ်ဝိညာဉ်မြက်ပင်တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီစိတ်ဝိညာဉ်မြက်ပင်က အပြာရောင်ဖြစ်ပြီး၊ အရွက်နှစ်မျိုးသာရှိပါရှိပါတယ်။ ကြည့်လိုက်ရင်  မိုးမခရွက်‌ေတွနဲ့‌ေတာင် ဆင်တူပါတယ်။ ဒီစိတ်ဝိညာဉ်မြက်ပင်တွေက ၁၅ စင်တီမီတာခန့်ရှည်လျားပြီး၊ သားမွှေးတွေလို အမြစ်တွေ များစွာ ထွက်နေခဲ့ပါတယ်။ ဒီစိတ်ဝိညာဉ်မြက်ကို
ရာပေါင်းများစွာ မူလမြက်လို့ ခေါ်ပါတယ်။

  ဒီမတိုင်မီက ကျောက်ဖူ ရာပေါင်းများစွာ မူလ ဆေးလုံးအတွက် ဆေးညွှန်းကို ရခဲ့ပြီးသားပါ။ ဒီဆေးလုံးတွေက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုနှုန်းကို ၄ ဆ တိုးစေနိုင်တဲ့ အဆင့် ၂ ဆေးလုံး အမျိုးအစားပါပဲ။ ဒီထဲက အဓိကပါဝင်ပစ္စည်းကတော့ ဒီ ရာပေါင်းများစွာ မူလမြက်ပါပဲ။

ဒီတစ်ကြိမ်မှာတော့ ဘိုင်ချီက အပင် ၁၀၀၀လောက်ကို ယူဆောင်လာခဲ့တာပါ။ ကျောက်ဖူ ဒီအပင်တွေကို တိုက်ရိုက် ဆေးလုံးပြုလုပ်မှာ မဟုတ်ပါဘူး။ အဲ့ဒီ့အစား သူက ဒီအပင်တွေကို စိုက်ပျိုးဖို့ မဟာ ချင် ကျေးရွာ ကို ယူဆောင်သွားဖို့ ဆုံးဖြတ်ထားတာပါ။

  ဒါပေမယ့် ဒီရာပေါင်းများစွာမူလမြက် တွေရဲ့ အစွမ်းသတ္တိတွေ ပြသဖို့ကတော့ အချိန်ယူရဦးမှာပါ။ သူတို့အနေနဲ့ ရာပေါင်းများစွာမူလ ဆေးလုံးတွေကို သန့်စင် ထုတ်လုပ်ပြီးရင်တော့ ကျောက်ဖူရဲ့ A အဆင့် စစ်သည်တွေ အနေနဲ့ သူတို့ရဲ့ ကျင့်ကြံမှုတွေဟာ သာမာန်လူတွေထက် ‌၄ဆလောက် ပိုမြန်ဆန်လာကြမှာပါ။ သိပ်မကြာခင်မှာပဲ သူ့မှာ ကျင့်ကြံမှု အဆင့် ၁ ရှိတဲ့ စစ်သည်တွေ အများအပြား ရှိလာတော့မှာပါ။ ဒီနည်းနဲ့ ဂိမ်းစနစ်ရဲ့ အင်အားစု အဖွဲ့အစည်းတွေနဲ့ သူ့ရဲ့စစ်သည်တွေကြား ကွဟချက်တွေကို လျော့ချနိုင်တော့မှာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now