အပိုင်း (၂၆)

303 28 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၆ )
Chapter 26          မီးခိုးရောင်ဝံပုလွေဘုရင်

ကျောက်ဖူ သူ့လူနှစ်ယောက်ကို ဒီအသူရာနွားထီးတွေအား မဟာ ချင် ကျေးရွာကို ပြန်ပို့စေခဲ့ပြီး၊ သူက ကျန်တဲ့သူတွေနဲ့  ဆက်ကျန်နေရစ်ခဲ့သည်။ ဒီအချိန်မှာတော့ အနီးမှာရှိနေတဲ့ မြက်ပင်တွေထဲမှ အသံအချို့ကို ကြားလိုက်ရပြီးနောက် လူတိုင်းက  တိတ်ဆိတ်သွားခဲ့ကြသည်။ အဲ့ဒီကိစ္စက ခရမ်းမီးတောက်ယုန်တစ်ကောင်က ခုန်ထွက်လာခဲ့တာပါ။ဒီခရမ်းမီးတောက်ယုန်က ယခင် သူတွေ့ခဲ့ဖူးတဲ့ ယုန်ထက် အကောင်သေးနေခဲ့သည်။  

ခရမ်းမီးတောက်ယုန်တွေသည် အလွန်ဒေါသပေါက်ကွဲလွယ်ပြီး၊ စိတ်ဓါတ်လည်း အတော်လေး ပြင်းထန်ကြသည်။ အဲ့ဒီယုန်က သူတို့တွေကို မကြောက်တဲ့အပြင် ကျောက်ဖူရဲ့လူအုပ်စုကြီးကို တောင် တိုက်ခိုက်ဖို့အတွက် မီးဘောလုံးကိုတောင်  ပစ်လွှတ်ခဲ့လိုက်သည်။

ဒိုင်းကိုင်စစ်သည်တစ်ဦးက သူရဲ့ဒိုင်းလွှားကို ကိုင်မြှောက်လိုက်ကာ ရှေ့ကိုတိုးသွားခဲ့ပြီး၊ အဲ့ဒီမီးဘောလုံးကို အလွယ်တကူပဲ ပိတ်ဆို့တားဆီးခဲ့လိုက်သည်။ ဒီမီးဘောလုံးရဲ့ ပြင်းထန်တဲ့အင်အားကြောင့် သူက ခြေတစ်လှမ်းလောက် နောက်ဆုတ်လိုက်ခဲ့ရသည်။ သို့သော် မည်သည့်ထိခိုက်ဒဏ်ရာမှ မရခဲ့ပါ။

ဒီအချိန်မှာတော့ ကျောက်ဖူ သူရဲ့ လေးသမားတွေကို တိုက်ခိုက်ဖို့အတွက် အမိန့်ပေးခဲ့လိုက်ပါပြီ။  မြားအများအပြား ကျဆင်းလာတာကို တွေ့လိုက်ရတာကြောင့် အဲ့ဒီခရမ်းမီးတောက်ယုန်က တတ်နိုင်သမျှ မြန်မြန်ရှောင်တမ်းဖို့ ကြိုးစားခဲ့သော်လည်း မလွတ်မြောက်တော့တာကြောင့် သေဆုံးသွားခဲ့ရသည်။ ဒီခရမ်းမီးတောက်ယုန် သေပြီးတဲ့နောက်မှာ တော့ အနီရောင် အော့ဖ်စက်လုံး(orb) မရခဲ့တာကြောင့် ကျောက်ဖူ အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။

အဲ့ဒီနောက် သူတို့တွေသည် ရှေ့ကို ဆက်ထွက်လာခဲ့ကြပြီး၊ အနက်ရောင်တောင်သိုး အကောင် ၃၀ ခန့် ကို တွေ့ခဲ့လိုက်ကြသည်။ ဒီတစ်ကြီမ်မှာလည်း သူတို့တွေက ဒီတောင်သိုးတွေကို ဖမ်းဆီးပြီး၊ ယဉ်ပါးအောင်လုပ်ဖို့အတွက် ထောင်ချောက်တွေကို ပြင်ဆင်လိုက်ခဲ့ကြသည်။ ဒီလိုမျိုး အကြိမ်အရေအတွက် အနည်းငယ်ကို သူတို့တွေ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now