အပိုင်း (၁၈၅)

194 20 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၅ )
Chapter   185    သမိုင်းဝင် ပုဂ္ဂိုလ်

ဒီအခြေအနေကိုကြည့်ပြီး၊ ကျောက်ဖူ အတော်လေး အံ့အားသင့်သွားခဲ့ပါတယ်။ သူက ရွာတစ်ရွာကို ရှာဖွေနေခဲ့တာပါ။ ဒီလူတွေက သူတို့ဟာသူတို့ ထွက်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။

“ ကောင်လေး၊ ချက်ခြင်းဆင်းပြီး မင်းရဲ့အဖိုးတန်ပစ္စည်းအားလုံးကို လွှဲပြောင်းပေးလိုက်ရင် မင်းရဲ့ဖိုးဖိုးက မင်းရဲ့အသက်ကို ချမ်းသာပေးမှာပါ။” ဆိုပြီး၊ ဓါးပြတဦးက သူ့ရဲ့ အသွားတစ်ဖက် ဓါးကြီးနဲ့ ညွှန့်ပြရင်း ကျောက်ဖူ ကို မာနထောင်လွှားစွာနဲ့ ရယ်မောပြောဆိုလာခဲ့ပါတယ်။

ကျန်တဲ့ဓါးပြတွေကလည်း ကျောက်ဖူကိုရက်စက်တဲ့ အကြည့်‌ေတွနဲ့ ကြည့်ပြီး၊ ရယ်‌ေမာ‌ေနလိုက်ကြပါတယ်။ ကောင်လေးဆီမှာ အဖိုးတန်ပစ္စည်း တစ်ခုခုရှိ၊ မရှိကို ဖယ်ထားပြီး၊ မီးခိုးရောင် ကျောက်တုံးသားရဲတစ်ကောင်တည်းနဲ့တင် သူတို့အတွက် ပွဲတော်ကြီးတစ်ခု တည်ဖို့ လုံလောက်နေခဲ့လို့ပါပဲ။

ဟားဟား!  ကျောက်ဖူ ဒီဓါးပြတွေရဲ့ စကားသံကိုကြားပြီး‌ေနာက် သူတို့က သူ့ကိုဘယ်လောက်လျှော့တွက်ခဲ့ကြတယ်ဆိုတာ တွေးလိုက္မိပြီး၊ မရယ်ပဲ မနေနိုင်တော့တာကြောင့် ရယ်မောလိုက်တာပါ။

ကျောက်ဖူရဲ့ ‌ရယ်မောသံကို ကြားတဲ့အခါမှာ‌ေတာ့ ဓါးပြတွေဟာ အတော်ဒေါသထွက်သွားခဲ့ကြပြီး၊ ခေါင်းဆောင်က အော်ဟစ်လိုက်ပါတယ်။
" ညီအစ်ကိုတို့၊ ဒီကောင့်ကို သတ်။"

အဲ့ဒီနောက္မှာ‌ေတာ့ ဓါးပြတွေဟာ အလျင်အမြန်ပဲ ပြေးလာခဲ့ကြပြီး၊ သူတို့ရဲ့ အသွားတစ်ဖက်ဓါးကြီးတွေကို မြှောက်ကိုင်လိုက်ကြပါပြီ။

  ကျောက်ဖူ ဘာမှပြန်မလုပ်ပဲ မီးခိုးရောင်ကျောက်တုံးသားရဲ‌ေပါ်မှာပဲ ဆက်ထိုင်‌ေနခဲ့ပါတယ်။ ဒါပေမယ့် အမျိုးအမည်မခွဲခြားနိုင်တဲ့ သေးငယ်တဲ့ ပုံသဏ္ဍာန်တစ်ခုဟာ သူ့နောက်ကွယ်ကနေ ထွက်ပေါ်လာခဲ့ပါပြီ။

သူတို့ဆီကို အလျင်အမြန် ပြေးဝင်လာ‌ေနတာဟာ  ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ဆိုတာကို သူတို့သိသွားတဲ့အခါမှာ‌ေတာ့ ဓါးပြတွေဟာ မရယ်ပဲ မနေနိုင်ကြတော့ပါဘူး။ ဒီလိုပြေးဝင်လာတာမျိုးက ကိုယ်သေတွင်း ကိုယ်တူးနေသလို ဖြစ်နေတာပဲ မဟုတ်ပါလား။ သူတို့‌ေတွက  သနားကြင်နာတတ်တဲ့လူတွေမဟုတ်ကြပါဘူး၊ ဒါကြောင့် သူတို့ရဲ့ အသွားတစ်ဖက် ဓါးကြီးတွေနဲ့ ရှလေးကို ပိုင်းခုတ်လိုက်ကြပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now