အပိုင်း (၃၀)

286 28 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၀ )
Chapter 30      အရိုးစုစစ်သူကြီး

ဒီအချိန်မှာတော့ အရိုးစု မြင်းစီးသူရဲ ၅ယောက်လုံး သေဆုံးသွားခဲ့ပါပြီ။ အရိုးစုမြင်းနှစ်ကောင် အသတ်ခံလိုက်ရပြီး၊ တစ်ကောင်ကတော့  ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိခဲ့တော့သည်။ ကျန်တဲ့ အရိုးစုနှစ်ယောက်ကတော့ ဒိုင်းနံရံရဲ့ အပြင်ဘက်မှာ ပိတ်မိနေခဲ့သည်။

ကျန်ရှိနေတဲ့ အရိုးစုမြင်းနှစ်ကောင်ကတော့ ပထမအကြိမ် မြားနဲ့တိုက်ခိုက်တုန်းက ပြုတ်ကျကျန်ရစ်ခဲ့တဲ့ အရိုးစုမြင်းစီးသူရဲ ၂ ယောက်ရဲ့ မြင်းတွေပဲဖြစ်သည်။ သူတို့သည် ထိန်းချုပ်မှုကင်းလွတ်နေခဲ့ပြီး၊ သူတို့ရဲ့ မသေမျိုး (Undead) ဗီဇတွေကြောင့် ဒိုင်းနံရံကို တွန်းတိုက်နေကြဆဲပါ။

ကျောက်ဖူ အဲ့ဒီအရိုးစုမြင်း ၂ ကောင်ကို အာရုံမစိုက်နိုင်သေးပါဘူး။ သူက တစ်ဝက်ပဲကျန်ရှိတော့တဲ့ အရိုးစုမြင်းကို ယဉ်ပါးအောင်လုပ်နိုင်မလားဆိုပြီး၊ သူ့ရဲ့ တိရိစ္ဆာန် ယဉ်ပါးခြင်းစွမ်းရည်စကေးကို အသုံးချဖို့ ကြိုစားနေခဲ့သည်။ တကယ်လို့ သူသာ ဒီအရိုးစုမြင်းတွေကို ယဉ်ပါးအောင်လုပ်နိုင်ခဲ့ရင်တော့ အရိုးစု မြင်းတွေကို စစ်မြင်းတွေအဖြစ် အသုံးပြုပြီး၊ သူ့ရဲ့ မြင်းတပ်ကို စတင်ဖန်တီးမှာပါ။

ဒါပေမယ့်လည်း ကျောက်ဖူရဲ့ တိရိစ္ဆာန်ယဉ်ပါးခြင်းစွမ်းရည်စကေးက ဒီ မသေမျိုး (Undead) တွေ ပေါ်မှာ အလုပ်မလုပ်မဖြစ်ခဲ့တာကြောင့် သူ အတော်လေး  စိတ်ပျက်သွားခဲ့သည်။ ဒါကြောင့် သူအနေနဲ့ ဒီအရိုးစုမြင်းတွေကို သတ်ခိုင်းခဲ့လိုက်သည်။

အဲ့ဒီနောက် သူတို့တွေ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

ကျောက်ဖူ တွေ့ရှိခဲ့တဲ့ အရိုးစုအုပ်စု အချို့ကို ထပ်မံသတ်ဖြတ်ခဲ့ကြသည်။  ဒီအရိုးစုအုပ်စုတွေက အမာခံတပ်ဖွဲ့ပုံစံမျိုး ပေါက်နေခဲ့ပေမယ့်  ကျောက်ဖူရဲ့တပ်ဖွဲ့ကိုတော့ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ အရိုးစုတွေ အားလုံး အသတ်ခံခဲ့ကြရပြီး၊ သူတို့ရဲ့ လက်နက်ကိရိယာများစွာ ( item ) နဲ့ သန့်စင်သော စစ်ဝိညာဉ်အချို့ကို ရရှိခဲ့ကြသည်။ တစ်ခါတစ်ရံမှာတော့ စစ်သည်ဝိညာဉ်တွေပါ ရရှိခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now