အပိုင်း (၁၁၇)

202 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၇ )
Chapter 117             ရက်စက်တတ်တဲ့ အရှင်သခင် တစ်ယောက် မဟုတ်ခဲ့ပါ။

တစ်ချိန်တည်းမှာပဲ ဒီသားရဲတွင်းက အဆင့်မြင့် အထူးအမျိုးအစား သားရဲတွင်း ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သိမ်းပိုက်ခြင်းနဲ့ ပြောင်းရွှေ့ရန် ရွေးချယ်ခြင်းကြောင့် မဟာ ချင် ကျေးရွာက အတွေ့အကြုံရမှတ် EXp၆၀၀၀ ကိုရရှိခဲ့ပြီး၊ ကျောက်ဖူကတော့ အောင်မြင်မှု့ရမှတ် 200 ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘုရင့်ရဲ့ သိုလှောင် လက်စွပ်ကနေ အတွေ့အကြုံရမှတ်ကို EXP400% နဲ့ အောင်မြင်မှု ရမှတ်ကို 200% တိုးမြှင့်ပေးခဲ့တာကြောင့် ယခုဆို မဟာ ချင် ကျေးရွာက အတွေ့အကြုံရမှတ် EXP 24,000 ကိုရရှိခဲ့ပြီး၊ ကျောက်ဖူကတော့ အောင်မြင်မှုရမှတ် 400 ကို ရရှိခဲ့ပါတယ်။

ဒီလို အောင်မြင်မှုရမှတ် ၄၀၀ ကိုရရှိပြီးနောက် ကျောက်ဖူရဲ့ အဆင့်ဟာ ဒုတိယအဆင့်  'သူကောင်း'ကို မြင့်တက်သွားခဲ့ပါပြီ။ ဒီလို အဆင့်မြင့်လာတာကြောင့် သူ့အနေနဲ့ အဓိကမြို့ကြီးတွေမှာ နောက်ထပ်မြေများ ဝယ်ယူနိုင်ရန်နှင့်အဆင့် ၁ အစောင့် ၁၀ ယောက်ကို ထပ်မံ ငှားရမ်းနိုင်ခွင့် ရရှိလာခဲ့ပါပြီ။ ပထမအဆင့် 'သူကောင်း' အဆင့်ကိုရောက်ချင်ရင်ဆော့ သူ့အနေနဲ့ နောက်ထပ် အောင်မြင်မှု့ရမှတ်  ၃၀၀၀ လိုအပ်ပါတယ်။

ဒီအချိန်မှာပဲ စစ်သည်တစ်ဦးက တောယုန်ကင်တစ်ကောင်ကို ကျောက်ဖူကို ရိုသေလေးစားစွာနဲ့ ပေးအပ်ပြီး၊ ပြောလာခဲ့ပါတယ်။
" နှစ်သက်စွာ သုံးဆောင်ပါ။ အရှင် မင်းကြီး။"

ကျောက်ဖူ ခေါင်းညိတ်ပြလိုက်ပါတယ်။ အဲ့ဒီ့နောက် ပစ္စည်းကိရိယာအားလုံးကို သူ့ရဲ့ ဘုရင့်သိုလှောင် လက်စွပ်ထဲကို ထည့်သိမ်းလိုက်ပြီး၊ ယုန်ကင်ကို စားလိုက်ပါတယ်။

သူတို့အားလုံး ဗိုက်ဝအောင် စားသောက်လိုက်ပြီးနောက် ကျောက်ဖူ ဆက်လက် စူးစမ်းလေ့လာခဲ့ကြပါတယ်။ သူတို့ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ရက်စက်တဲ့ သားရဲတိရစ္ဆာန် အနည်းငယ်လောက်နဲ့ ထပ်မံကြုံတွေ့ခဲ့ရတာပဲ ရှိပြီး၊ ဘယ်အရာကိုမျှ ရှာမတွေ့ခဲ့ပါဘူး။ သူတို့အနေနဲ့ လေဟာနယ်သားရဲရဲ့အရိပ်အယောင်တောင်မှ ရှာမတွေ့ခဲ့ကြပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now