အပိုင်း (၄၉)

248 29 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၉ )
Chapter 49       ဝိုင်းရံပြီးနောက် သတ်ဖြတ်ခြင်း

အဲ့လ်ဖ်နတ်သူငယ် အကြီးအကဲကိုကြည့်ပြီးတဲ့နောက် ကျောကမဖူ သူ့ရဲ့စစ်သားတွေကို  အဲ့လ်ဖ်နတ်သူငယ်ရွာ ကိုစပြီး တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တယ်။  ကျောက်ဖူကို အလှတရားကအလွယ်တကူ ဆွဲဆောင်နိုင်ခြင်းမရှိခဲ့‌ပါဘူး။ သူ့ စစ်သည်တွေကလည်း အဲ့လ်ဖ်နတ်သူငယ် ကျေးရွာကို  စွမ်းအားအပြည့်အဝထုတ်ပြီး မတိုက်ခိုက်ခဲ့ပါဘူး။ အဲ့ဒီ့အစား  အဲ့လ်ဖ်နတ်သူငယ် ရွာကို ဖျက်စီးဖို့ သူက လေးသမားတွေကို အမိန့် ‌ေပးခဲ့ပါတယ်။

ကျောက်ဖူရဲ့ရာဂဏန်းသာသာ ရှိတဲ့ စစ်သည်တွေရဲ့ တိုက်ခိုက္မူကို အဲ့လ်ဖ်နတ်သူငယ် ကျေးရွာက ချက်ခြင်းဘဲ ပြန်တုံ့ပြန်ခဲ့ကြပါတယ်။  အဲ့လ်ဖ်နတ်သူငယ် ၂၀၀၀ ဟာ ရွာကနေ ပြေးထွက်လာကြပါတယ်။ ဒါကို ကျောက်ဖူက မြင်တော့ ချက်ခြင်းပဲ ပြန်ဆုတ်ရန် အမိန့်ပေးခဲ့ပါတယ်။

ဒီ  အဲ့လ်ဖ်နတ်သူငယ်တွေက သူ့နောက်ကို ဆက်မလိုက်ခဲ့ကြပါဘူး။  အဲ့လ်ဖ်နတ်သူငယ် တွေက တိုက်ခိုက်ရတာကို နှစ်သက်တဲ့ အမျိုးအနွယ်တွေ မဟုတ်ကြလို့ပါ။ ဒါပေမယ့် သူတို့ရွာကို ပြန်ဖို့ ပြင်လိုက်တာနဲ့ ကျောက်ဖူက ထပ်မံရန်စခဲ့ပါတယ်။ ဒီလိုနဲ့ ရန်စလိုက် လိုက်လာလိုက်၊ ပြန်သွားရင် ပြန်ရန်စလိုက်နဲ့ ၃ကြိမ်လောက်လုပ်ပြီးနောက်မှာတော့ အဲ့လ်ဖ်နတ်သူငယ် တွေဟာ ဒေသကို မထိန်းနိုင်ကြတော့ပါဘူး။‌ သူတို့က ကျောက်ဖူရဲ့ စစ်သည်တွေနောက်ကို ဒေါသတကြီး လိုက်လာခဲ့ပါပြီ။

ဒီလိုနဲ့ ကျောက်ဖူရဲ့စစ်သည်‌ေတွ‌ေနာက်ကို လိုက်ဖမ်းနေစဉ်မှာပဲ အဲ့လ်ဖ်နတ်သူငယ် တွေဟာ
အနီးအနားမှာတိုက်ခိုက်သံတွေ ထွက်လာတာကို
တွေ့လိုက်ကြရတယ်။ သူတို့တွေ့ တွေ့လိုက်ရတာတော့ အော့စ်လူဘီလူးတွေနဲ့ ဂေါ်ဗလင်တွေ တိုက်ခိုက်နေကြတာပါပဲ။

အဲ့လ်ဖ်နတ်သူငယ် အကြီးအကဲက ဒီအခြေအနေကို ချက်ချင်းပဲ သတိထားမိသွားပါတယ်။ သူမရဲ့ လှပတဲဘမျက်နှာမှာ ထိတ်လန့်အံ့ဩမူက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့လူတွေကို အမိန့်ပေးလိုက်ပါတယ်။
"ခပ်မြန်မြန် ပြန်ဆုတ်"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now