အပိုင်း (၁၃၃)

203 24 3
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၃ )
Chapter 133          တိုက်ပွဲမြို့တော်ရဲ့ ဂန္တဝင် 

ဂီနီယာ တိုက်ပွဲအနည်းငယ်‌ေလာက် ထပ်မံတိုက်ခိုက်ခဲ့ပြီး၊ ပွဲတိုင်း ကို အနိုင်ရခဲ့ပါတယ်။   အခုတော့ သူ့ရဲ့ ပြိုင်ဘက်‌ေတွအားလုံးက ကျင့်ကြံမှု အဆင့် ၀-၅ နဲ့အထက်မှာ ရှိ‌ေနခဲ့ကြပါပြီ။ ဒီကျင့်ကြံမှု‌အဆင့် ေအာက္မှာ ရှိ‌ေနမယ်သူတွေကတော့ သံသယဖြစ်စရာမလိုပဲ သေသွားကြမှာပါ။ ဒီတိုက်ပွဲတွေပြီး‌ဆုံးပြီးနောက္မှာတော့  ဂီနီယာရဲ့ ဘွဲ့ထူးဂုဏ်ပုဒ် တိုကင်ပြားဟာ သံ အဆင့်ကို မြှင့်တက်လာခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ လူများစွာက ဂီနီယာရဲ့  သန်စွမ်းတဲ့ ဓါးစွမ်းရည်စ‌ေကး‌ေတွကို ပိုပိုသိလာကြပြီး၊ သူတို့ကြားမှာ 'ဓါးနတ်ဆိုး' ဆိုတဲ့နာမည်က ပျံနှံ့နေခဲ့ပါပြီ။ လူများစွာက ဓါးလမ်းစဉ် လျှောက်လမ်းတဲ့ ကျွမ်းကျင်သူတစ်ဦးဟာ  တိုက်ပွဲမြို့တော်ကို ရောက်လာတယ် ဆိုတာကို ကြားလိုက်ကြရပါတယ်။ ဒီနေ့ဟာ တိုက်ပွဲမြို့တော်ရဲ့ ဂီနီယာ ဂန္တဝင်တွင်တဲ့ ပထမဆုံး‌ေန့ပါပဲ။ နောင်မှာ သူ့ရဲ့နာမည်ဟာ ကျော်ကြားလာခဲ့ပြီး၊ လူ အများရဲ့ ရိုသေလေးစားမှုကို ရရှိလာခဲ့ပါတယ်။

တိုက်ပွဲအနည်းငယ်ကို ကြည့်ပြီးတဲ့နောက် ကျောက်ဖူ ဂီနီယာကို တိုက်ပွဲစင်မြင့်မှာ ချန်ထားခဲ့ပြီး၊ သူ့ရဲ့ ဓါးကျွမ်းကျင်မှုစွမ်းရည်စ‌ေကးကို ဆက်တိုးတက်‌ေအာင်လုပ်ဖို့ ပြောခဲ့ပါတယ်။ အဲ့ဒီ့နောက် ကျောက်ဖူ တစ်ယောက်တည်းထွက်ခာခဲ့ပြီး၊ သူ ဝယ်ယူထားခဲ့တဲ့ မြေမှာ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ လက်ရှိ အဆောက်အအုံကို ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီး၊ မကြာမီမှာ စီးပွားရေးအတွက် ဖွင့်လှစ်နိုင်တော့မှာပါ။

ယခင်ကလိုပဲ ကျောက်ဖူ  ကစားသမားအချို့ကို စားပွဲထိုး‌ေတွအဖြစ် ငှားရမ်းခဲ့ပါတယ်။ စားဖိုမှူးတွေအနေနဲ့ ကျောက်ဖူ စားဖိုမှူးအဖွဲ့ တစ်ဖွဲ့ကို ပြုစုပျိုးထောင်ခဲ့ပြီးပါပြီ။

သူ့ရဲ့စားဖိုမှူးတွေကို သွေးဆောင်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ကျောက်ဖူ ကိုယ်ပိုင်စားဖိုမှူးတွေကို ပြုစုပျိုးထောင်ခဲ့တာပါ။ ဒီစားဖိုမှုးတွေ အားလုံးက မဟာ ချင် ရဲ့ လူတွေပါ။ ဒါကြောင့်သူတို့က ကျောက်ဖူကို အများကြီး ပိုသစ္စာ ရှိကြပါတယ်။ သူတို့အနေနဲ့ ကစားသမား စားဖိုမှူးတွေလို ငွေ‌ေနာက်ကို အလွယ်တကူ လိုက်သွားကြမှာ မဟုတ်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now