အပိုင်း (၂၄)

288 37 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၄ )
Chapter 24         အလယ်အလတ်ကျေးရွာ

အစားအစာရရှိဖို့အတွက် ဒီဓါးပြရွာသည် အခြားမျက်နှာစိမ်း ပြင်ပရှာဖွေသူတွေရဲ့ ရွာတွေကို ဖြစ်ဖြစ်၊ အမဲ လိုက်ဖို့ဖြစ်ဖြစ် အုပ်စုခွဲပြီး လုပ်ဆောင်ကြရမှာပါ။ မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပဲ လူ ၁၀ ဦး ခန့်ရှိတဲ့ အုပ်စုလေးစုသည် ကျေးရွာကနေ လမ်းကြောင်းတွေခွဲပြီး၊ ထွက်လာနေခဲ့ကြပါပြီ။

ကျောက်ဖူ ဒီအခြေအနေကိုမြင်တဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေကို အုပ်စုလေးစုခွဲခြား လိုက်ခဲ့သည်။ သူက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး၊ ဓါးပြအဖွဲ့တစ်ဖွဲ့နောက်ကို လိုက်သွားခဲ့သည်။ သူက မြက်ပင်ကြီးတွေကြားထဲမှာ ပုန်းအောင်းနေပြီး၊ ဓါးပြတွေ သူတို့ရဲ့ တစ်ဖက်သွားဓါးကြီးတွေ ကိုင်ကာ ထောင်ထောင် ထောင်ထောင်နဲ့သွားနေတာကို သူစောင့်ကြည့်နေခဲ့လိုက်သည်။ အဲ့ဒီနောက်မှာတော့ သူက ဘိုင်ချီ ကိုခေါ်လိုက်ပြီး၊ သူ့ရဲ့နည်းဗျူဟာတွေကို ရှင်းပြခဲ့လိုက်သည်။

ဒီအချိန်မှာတော့ ဘိုင်ချီ ပြောလိုက်သည်။

“ ဘုရင်မင်းမြတ်၊ စိတ်မကောင်းပါဘူး။ ဒါမျိုးကို ကျွန်တော်မျိုး လုပ်နိုင်မှာ မဟုတ်ဘူး ထင်ပါတယ်။”

အဲ့ဒီစကားကိုကြားတာနဲ့ ကျောက်ဖူ အနားက လုမိုင် ကို လှမ်းကြည့်လိုက်ခဲ့သည်။

" နင် ဘာလုပ်ချင်တာလဲ။" 

လုမိုင်က ချက်ချင်းပဲ လှမ်းမေးလိုက်ခဲ့သည်။ လုမိုင်က ကျောက်ဖူ သူမကို စိုက်ကြည့်နေတယ်ကို မြင်တဲ့အခါ သူမက သိပ်မတုန်လှုပ်သွားခဲ့သလို မကောင်းတဲ့ ခံစားချက်လည်း မရခဲ့ပါဘူး။

လုမိုင်အား ကျောက်ဖူက ရှင်းပြ လိုက်တဲ့အခါမှာတော့ သူမ အတော်လေး ပျော်ရွှင်သွားခဲ့သည်။ အဲ့ဒီနောက် သူမက ဘိုင်ချီ နှင့်အခြားလူသုံးယောက်ကို ခေါ်ဆောင်သွားခဲ့ပြီး၊ ဓါးပြအဖွဲ့များဆီကို ဦးတည် လျှောက်သွားခဲ့လိုက်သည်။

"ဟေ့၊  အဲ့ဒီမှာ ရပ်နေစမ်း "

လုမိုင်နှင့်အခြားလေးယောက်တို့သည် ကျယ်လောင်တဲ့ အသံနဲ့ အော်လိုက်ပြီး၊ ဓါးပြတွေဆီကို လျှောက်သွားလိုက်ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now