အပိုင်း (၁၁၉)

198 27 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၉ )
Chapter 119            သွေး စာချုပ်

သူတို့က ထောင်ချောက်မှာ ဖမ်းဖိထားတာမျိုး မရှိဘူးလို့ ထင်ခဲ့ကြပေမယ့် လှောင်အိမ်ဆီကို လမ်းလျှောက်ပြီးနောက္မှာ‌ေတာ့ လှောင်အိမ်ထဲမှာ ကြောင်သေးသေးလေးတစ်ကောင် ရှိနေတာကို မြင်လိုက်ရပါတယ်။ ဒီကြောင်ငယ်လေးမှာ နှင်းဖြူ‌ေရာင်အမွေး‌ေတွက မယုံနိုင်လောက်အောင် နူးညံ့ပြီး၊ တစ်စုံတစ်ယောက်ကို ထိတွေ့ချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်နေပါတယ်။ ဒီကောင်လေးက ချစ်စရာကောင်းတဲ့ အိမ်မွေး တိရစ္ဆာန်ကောင်လေး တစ်ကောင်နဲ့‌ေတာင် တူနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်လေးက မျက်စိတွေပိတ်ပြီး၊ လှောင်အိမ်ထဲမှာ လှဲနေတာက အိပ်မောကျနေတဲ့ပုံနဲ့တူနေလို့ပါပဲ။

ဒါပေမယ့် ဒီသတ္တဝါနဲ့ ကြောင်တစ်ကောင်ကြားမှာ ရှိနေတဲ့ ခြားနားမှုကတော့ ဒီကောင်လေးရဲ့နဖူးမှာ စတုရန်းပုံ သလင်းကျောက်တုံးဖြစ်တဲ့ လေဟာနယ်သလင်းကျောက် ရှိနေလို့ပါပဲ။ ဒါကြောင့် ဒီကောင်လေးဟာ လေဟာနယ် သားရဲ ဖြစ်တာ သေချာပါတယ်။

  ဒီကောင်လေးကို မြင်လိုက်ရတဲ့အခါမှာတော့ ကျောက်ဖူ အလွန်ဝမ်းသာသွားခဲ့ပါတယ်။ ဒီကာလ‌တစ်လျှောက်လုံး ရှာဖွေနေတာ နောက်ဆုံးတော့ သူ ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ လူတိုင်းက   လှောင်အိမ်‌ေဘးနားကို ရောက်လာတဲ့အခါမှာတော့ ဒီကောင်လေးက အသံတွေ ကြားလိုက်ရတာကြောင့် သူ့ရဲ့ အဖြူရောင် မျက်လုံးတွေနဲ့ ဖွင့်ကြည့်လိုက်ပါတယ်။ လှောင်အိမ် ပတ်ပတ်လည်မှာ ရပ်နေတဲ့လူတွေ အများကြီးကိုမြင်လိုက်တော့ အတော်လေး ကြောက်လန့်နေပြီး၊ လှောင်အိမ်ထဲမှာ ပတ်ပြေးနေခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မလွတ်မြောက်နိုင်တော့ဘူး မဟုတ်ပါလား။

  "ဂုဏ်ယူပါတယ်။ ဘုရင်မင်းမြတ်"
နောက်ဆုံးမှာတော့ သူတို့ဟာ လေဟာနယ် သားရဲ တစ်ကောင်ကို ဖမ်းမိလိုက်ပြီဆိုတာကို သိလိုက်ရတဲ့လူအားလုံးက ကျောက်ဖူကို ပြုံးပြီး၊ ဂုဏ်ပြုခဲ့ကြပါတယ်။

ကျောက်ဖူ ခေါင်းကို ညိတ်ပြလိုက်ပြီး၊ လှောင်အိမ်ထဲမှာ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ လေဟာနယ် သားရဲကို ကြည့်လိုက်ရင်း ပြုံးမိသွားပါတယ်။ အဲ့ဒီ့နောက် သူ့လက်ကို လှောင်အိမ်ထဲ ထည့်လိုက်ပြီး၊ လေဟာနယ် သားရဲကို အမိအရ ဖမ်းယူလိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now