အပိုင်း (၅၆)

247 29 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၆ )
Chapter  56          ကြေးသတ္တုမိုင်း

ကျင်းယုက သူရဲ့မိသားစုဟာ သူ့ကို ရွှေဒင်္ဂါး ၄၀ (ကြေးနီဒင်္ဂါး ၄၀၀,၀၀၀) သာပေးလိုက်ကြောင်းပြောဆိုခဲ့တာကြောင့်  ကျောက်ဖူ စိတ်ပျက်သွားခဲ့ပါတယ်။  သူအနေနဲ့ ဒီလောက် ငွေပမာဏနဲ့ဆို စွမ်းအင်ကျောက်တုံး ၄ တုံးလောက်သာ ဝယ်ယူနိုင်ပါလိမ့်မယ်။ တကယ်လို့ ကျောက်ဖူသာ စွမ်းအင်ကျောက်တုံးအများအပြားကို ၀ ယ်ယူလိုပါက သူအနေနဲ့ တော်တော်များတဲ့ ငွေပမာဏ လိုအပ်မှာပါ။

ပထမအချက်က‌ေတာ့ သန့်စင်သော ကောင်းကင်နှင့်မြေကြီး ဖွဲ့စည်းခြင်းဝင်္ကပါ လမ်းကြောင်းက ၁၀၀၀ ခန့်ရှိတဲ့အတွက် အနည်းဆုံး စွမ်းအင်ကျောက် ၁၀၀၀ခန့် လိုအပ်မှာပါ။  ကျောကဖူ အဖိုးကြီးလို့ဂ်ကို နတ်ဆိုးဘုရားစိတ်ဝိညာဉ်ဟာ ဘယ်လိုလာလဲ မေးခဲ့ပါတယ်။ အဖိုးကြီးလို့ဂ်က နတ်ဘုရားစိတ်ဝိညာဉ်ဟာ အဓိက ခန္ဓာကိုယ်ဟာ မဆင်းသက်လာနိုင်တဲ့အတွက်ကိုယ်ပွားတစ်ခုသာ ဆင်းသက်လာမှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဒါတောင် များပြားလှတဲ့ ယဇ်ပူဇော်မူ ပြုလုပ်မှသာ ဒီလို ဆင်းသက်လာမှာပါ။

ကျောက်ဖူဟာ နတ်ဆိုးဘုရားစိတ်ဝိညာဉ် ဘယ်လောက်သန်မာတယ် ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမယ့် အားအနည်းဆုံး နတ်ဘုရားစိတ်ဝိညာဉ် တောင် တော်တော်လေး စွမ်းအားကြီးပါဦးမယ်။ ဒါကြောင့် အနည်းဆုံး စွမ်းအင်ကျောက်တုံး ၁၀၀၀ လောက် လိုအပ်မှာပါ။  စွမ်းအင်ကျောက်တုံးများရဲ့ တန်ဖိုးဟာ ရွှေဒင်္ဂါး ၁၀ပြားခန့် တန်ဖိုးရှိပြီး၊ ကျောက်တုံး ၁၀၀၀ အတွက်ဆိုရင်တော့ ရွှေဒင်္ဂါးတစ်သောင်း ဒါမှမဟုတ် ကြေးနီဒင်္ဂါးသန်း ၁၀၀ လောက် ကုန်ကျမှာပါပဲ။

ကျောက်ဖူ သူမလုပ်နိုင်လောက်တဲ့အရာ တစ်ခုအတွက် ငွေများသုံးရန် စဉ်းစား‌ေနတာဟာ ရူးသွားပြီလားလို့ သူ့ကိုယ်သူ သံသယဝင်နေခဲ့ပါတယ်။  ဒါပေမယ့် သက်ရှိ‌ေတွနဲ့ သောင်းနှင့်ချီတဲ့ သတ္တဝါများရဲ့ ဘဝနဲ့ သေဆုံးမှုများကို ဆုံးဖြတ်နိုင်တဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ပြန်လည်သန့်စင် နိုင်ရင်တော့ ကျိန်းသေပေါက် သူဟာ ကောင်းကင်ဘုံကို ငြင်းဆန်နိုင်လောက်တဲ့ အရာတစ်ခု ရမယ်ဆိုတာတော့ သူနားလည်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now