အပိုင်း (၃၉)

250 33 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၉ )
Chapter  39        အနက်ရောင် ဦးခေါင်း

မီးခိုးလေးက အူသံပေးလိုက်စဉ်မှာပဲ သစ်တောနက်မြင်းတွေက သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြပြီး၊ မီးခိုးလေးကို ကြည့်ခဲ့လိုက်ကြသည်။

“ အာဝူးး …”

မီးခိုးလေးက သစ်တောနက်မြင်းဘုရင်ကို ပြတ်သားတဲ့ စိန်ခေါ်မှုအတွက် နောက်တခါ အူသံပေးခဲ့လိုက်ပြန်သည်။

မီးခိုးလေးရဲ့ ရန်စမှုနှင့် ရင်ဆိုင်ရတဲ့အခါမှာတော့ သားရဲတွင်းမှာ လှဲလျောင်းနေတဲ့ သစ်တောနက်မြင်းဘုရင်သည် မတ်တပ်ထရပ်လိုက်ပါပြီး၊ မီးခိုးလေးကို စိုက်ကြည့်ခဲ့လိုက်သည်။ ကျောက်ဖူက သူ့အစီအစဉ် အောင်မြင်ပြီလို့ ထင်လိုက်တဲ့ အချိန်မှာပဲ ဒီသစ်တောနက်မြင်း ၃၀၀ လောက်သည် သစ်တောနက်မြင်းဘုရင်အစား မီးခိုးလေးဆီက်ု ပြေးဝင်လာခဲ့ကြတော့သည်။ မြေငလျင်လှုပ်လိုက်သလိုမျိုး မြေကြီးတွေတုန်ခါသွားခဲ့ပြီး၊ မြင်းတွေကနေ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ခဲ့ကြသည်။

ဒီအခြေအနေကို မီးခိုးလေးက မြင်တဲ့အခါမှာတော့ ကြောက်လန့်သွားခဲ့ပြီး၊ လျင်မြန်စွာ ပြန်ထွက်ပြေးခဲ့လိုက်သည်။ ကံကောင်းတာကတော့ မီးခိုးလေးက အပြည့်အဝ ပြင်ဆင်ထားခဲ့တာကြောင့် ဒီလိုမြန်မြန်ဆန်ဆန်နဲ့ ထွက်ပြေးနိုင်ခဲ့တာပါ။ ဒီလိုမှမဟုတ်ရင်တော့ သူက တစ်စစီ ဖြစ်အောင် နင်းခြေခံသွားရမှာပါ။

ကျောက်ဖူဆီကို ပြန်ရောက်လာပြီးနောက် မီးခိုးလေးသည် မယုံနိုင်လောက်အောင် ကြေကွဲနေခဲ့တဲ့ပုံစံနဲ့ သနားစဖွယ် အူဟစ်နေခဲ့သည်။ ကျောက်ဖူ လှိုက်လှိုက်လှဲလှဲ ပြုံးသွားခဲ့ပြီး၊ စိတ်သက်သာစေဖို့အတွက် နောက်ထပ် စိတ်ဝိညာဉ်ငယ် ဆေးတစ်လုံးကို ထုတ်ယူကျွေးလိုက်သည်။  ဒီအစီအစဉ်ကတော့ ပျက်စီးသွားပါပြီ။

အခုအချိန်မှာတော့ သူက နောက်ထပ်အစီအစဉ်အသစ်တစ်ခုကို ထပ်စဉ်းစားရပါတော့မယ်။  ကျောက်ဖူ ခဏလောက် နက်နက်နဲနဲ စဉ်းစားပြီးတဲ့ အခါမှာတော့ သူက မီးခိုးလေးကို ကြည့်လိုက်ပြန်သည်။ ကျောက်ဖူရဲ့ အကြည့်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့ မီးခိုးလေးက အတော်လေး သတိထားသွားခဲ့ပြီး၊ ထွက်ပြေးဖို့ပြင်ဆင်ထားခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now