အပိုင်း (၁၁)

365 40 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁ )
Chapter 11 သွေးမျိုးဆက်

နောက်တစ်နေ့မှာတော့ ကျောက်ဖူ နေထိုင်သူအသစ် ၁၅ ဦး နှင့် A အဆင့်အတန်းမှ ရွာသားတစ်ဦး ကိုဆင့်ခေါ်နိုင်ခဲ့သည်။ ကျောက်ဖူ အဲ့ဒီ ရွာသားရဲ့အလုပ်အကိုင်အား ပညာရှင်အဖြစ် ပြောင်းလဲခဲ့သည်။ အခုအချိန်မှာတော့ ချင် ကျေးရွာမှာ နေထိုင်သူ ၁၁၀၊ စစ်သည် ၄၇ ယောက်နဲ့ ပညာရှင် ၄ ယောက်ရှိသွားခဲ့ပြီပဲဖြစ်သည်။

ထို့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကြိုးစားကျင့်ကြံပြီးနောက် ဒီအချိန်မှာတော့ ကျောက်ဖူ ရဲ့ကျင့်ကြံမှုအဆင့်က အဆင့် ၀-၁ ကို ရောက်နေခဲ့ပါပြီ။

နာမည်: ကျောက်ဖူ

ဘွဲ့ထူးဂုဏ်ထူး - မရှိပါ

အသက်မွေး အလုပ်အကိုင်: နတ်ဆိုးဘုန်းတော်ကြီး

အောင်မြင်မှုအမှတ်များ - သာမန် (၅၃/၂၀၀၂)

အမျိုးအနွယ်: လူသား

အသက် - ၂၁ (၁၀၀)

အခြေအနေ: သန်မာမူ (ခွန်အား): ၈၊ ညာဏ်ရည်: ၁၁၊ ကြံခိုင်မူ ၇၊ လျင်မြန်မူ: ၉

အထူးစွမ်းအား - [အကျိုးသက်ရောက်မှု - နတ်ဆိုးစွမ်းအား ပါဝါ]

ကျင့်ကြံမှု: အဆင့် ၀-၁

ကျင့်ကြံမူနည်းစနစ် - မဟာ ချင် ကျင့်ကြံမှုနည်းစနစ်

ကျွမ်းကျင်မှု စွမ်းရည်စကေး: ငရဲမီးဘောလုံး၊ အခြေခံဓားနည်းစနစ်...

ပစ္စည်းကိရိယာ - သံဓား...

သူရဲ့အချက်အလက်တွေကို ကြည့်ပြီးနောက် ကျောက်ဖူ သုတေသနအလုပ်ရုံကို ထွက်လာခဲ့သည်။ ယဉ်ကျေးမှု အဆင့်အတန်းကို ရရှိဖို့အတွက် သုတေသနပြုဖို့ ကျောက်ဖူ အဆောက်အဦတစ်ခုကို ပညာရှင်တွေအား ပေးအပ်ထားခဲ့ပြီး၊ သူတို့လေ့လာရန်အတွက် တောယုန်တွေနှင့် တောကြက်အနည်းငယ်ကို ဖမ်းဆီးပေးထားခဲ့သည်။

"ဘယ်လိုလဲအကြီးအကဲ ဘိုင်၊ သုတေသနပြုနေတာ ဘယ်လိုအခြေအနေရှိလဲ"

  ကျောက်ဖူ ဆံပင်ဖြူနေပြီဖြစ်တဲ့ အကြီးအကဲတစ်ယောက်ကို မေးမြန်းခဲ့လိုက်သည်။ အဲ့ဒီအကြီးအကဲရဲ့နာမည်က ဘိုင်ရှမ်း ဖြစ်ပြီး၊ သူက မဟာ ချင် ကျေးရွာမှ ခေါ်ဆောင်လာသည့် ပထမဆုံး B အဆင့်ရွာသားပဲ ဖြစ်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now