အပိုင်း (၉၂)

216 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၂ )
Chapter 92               ကောင်းကင် နတ်ဆိုးဓါး

တစ်စုံတစ်ဦးအနေနဲ့ လဲလှယ်ပြီးသား ဒဏ္ဍာရီအဆင့် ပစ္စည်းကိရိယာတွေကို ဘယ်လိုလုပ် ထပ်လဲလို့ ရနိုင်မှာလဲ။ ဒါဟာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတာတောင် ပြိုင်ဆိုင်မှုဟာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ အဖွဲ့အစည်းတွေအားလုံး နားလည်လိုက်ကြပါတယ်။ မရေမတွက်နိုင်တဲ့ အုပ်စုတွေကို ထိတ်လန့်သွားစေဖို့ လုံလောက်ခဲ့ပါတယ်။ အုပ်စု‌ေတွအားလုံးဟာ ပန်းမျက်ရည်စက်တွေကို ရှုးသွပ်စွာဝယ်ဖို့ သူတို့ကို အဆက်မပြတ်တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။

ဒဏ္ဍာရီအဆင့် ပစ္စည်းကိရိယာတွေထဲက တစ်ခုက လဲလှယ်သွားခဲ့လို့ ကျောက်ဖူ နှလုံးခုန်နှုန်းတွေ မြန်သွားခဲ့ပြီး၊ ဒဏ္ဍာရီအဆင့် ထိပ်ဆုံး ၁၀ခုထဲမှ ၁ ခုရဖို့ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို အားလျော့စေခဲ့ပါတယ်။ ဒါကြောင့် တစ်တောင်ထက်တစ်တောင် ပိုမြင့်တယ်လို့ ဆိုရိုးစကားထွက်လာခဲ့တာပါ။ 

ကျောက်ဖူ အချိန်မဖြုန်း‌ေတာ့ဘဲ မဟာ ချင် ကျေးရွာကို ပြန်သွားခဲ့ပါတယ်။ သူ ဒီပန်းမျက်ရည်စက်တွေကို မြန်မြန်ဆန်ဆန်စုဆောင်းဖို့ သူ့လူ‌ေတွကို ညွှန်ကြားခဲ့ပါတယ်။

တစုံတစ်‌ေယာက် အလုပ်ရှုပ်ပြီဆို အချိန်ကုန်တာမြန်ပါတယ်။မကြာမီမှာပဲ ညက ကုန်ဆုံးသွားခဲ့ပါပြီ၊၊ ကျောက်ဖူ လိစီကို စာရင်းမေးလိုက်တဲ့ အခါ လိစီက တွက်ချက်ပြီးနောက် ပြောလိုက်ပါတယ်။
"အရှင်မင်းမြတ်၊ ကျွန်‌ေတာ်တို့ ဒီတစ်ခါပန်းမျက်ရည်စက် 150,000 စုဆောင်းနိုင်ခဲ့ပါတယ်!”

ကျောက်ဖူ စိတ်ပျက်သွားပေမယ့် သက်ပျင်းတော့ မချခဲ့ပါဘူး။ အခုဆို သူမှာ ပန်းမျက်ရည် စက်၂.၂၇ သန်းလောက် ရှိနေပြီ မဟုတ်ပါလား။ ဒါပေမယ့် အဲဒါက မလုံလောက်သေးပါဘူး။ သူ  ပန်းမျက်ရည်စက်တွေကို ပန်းမျက်ရည်ရမှတ်အဖြစ် ပြောင်းလဲဖို့ သန့်ရှင်းသော အလင်းမြို့တော်ကို ရောက်လာတဲ့အခါမှာ ဒဏ္ဍာရီ အဆင့် ပစ္စည်းကိရိယာ ၃၇ ခုအနက်္မှ နောက်ထပ်နှစ်ခုဟာ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။ အခုတော့ ပစ္စည်းကိရိယာ သုံးခုမှာ ပိုင်ရှင် ရှိသွားခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now