အပိုင်း (၈၂)

228 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၂ )
Chapter 82         ဘုရင့် မသေမျိုး မြင်းစီးတပ်ဖွဲ့

"အရှင်မင်းမြတ်၊ အရှင်တောင်းဆိုတဲ့ လက်စွပ်ကို လုပ်ပြီးခဲ့ပါပြီ။”  မီးခိုးဖြူရောင် လက်စွပ်ကိုပေးအပ်တဲ့ အချိန်မှာပဲ ရောက်က ပြောလာခဲ့ပါတယ်။

ဒီပစ္စည်းနှစ်ခုကို ရောက်က ရိုးရိုးရှင်းရှင်းပဲ ပေါင်းစပ်ထားတဲ့အတွက် ကျောက်ဖူ လက်စွပ်ရဲ့အခြေအနေဖော်ပြချက်တွေကို ကြည့်တဲ့အခါ အနှောက်အယှက် ဖြစ်မနေခဲ့ပါဘူး။ ကျောက်ဖူ ဘုရင့်အဆင်တန်ဆာ အပိုင်းအစကို သာမာန်ပစ္စည်းတွေမှာတပ်မဲ့အစား အထူးလုပ်ထားတဲ့ ပစ္စည်းကိရိယာတွေမှာ တပ်ဆင်ခြင်းက ပိုကောင်းမယ်လို့ ထင်လိုက်ပါတယ်။

ကျောက်ဖူ ဓါးပုံစံအပိုင်းအစကိုထုတ်ယူလိုက်ပြီး မီးခိုးဖြူရောင်လက်စွပ်နဲ့ပေါင်းစပ်လိုက်ပါတယ်။
ကျောက်ဖူ ကြည့်နေစဉ်မှာပဲ ဒီဓါးပုစံအပိုင်းအစက ရွှေရောင်အလင်းတွေထွက်လာပြီး၊ လက်စွပ်နဲ့ ဖြည်းဖြည်းခြင်းပေါင်းစပ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်လက်စွပ်ရဲ့ပုံစံဟာလည်း ပြောင်းလဲသွားခဲ့ပါပြီ။ ဓါးပုံ အပိုင်းအစက လက်စွပ်နဲ့အပြည့်အဝ ပေါင်းစပ်ပြီးတဲ့နောက် မီးခိုးဖြူရောင်လက်စွပ်ဟာ ရွှေရောင်ဖြစ်လာပါတော့တယ်။

အဲ့ဒီ့နောက် ကျောက်ဖူရဲ့ ခေါင်းထဲကို ‌ဂိမ်းစနစ်ရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။

“ ဂိမ်းစနစ်ကြေညာချက်! သင့်လက်စွပ်အတွင်းရှိအရိုးစုမြင်းစီးသူရဲ ၁၀ ယောက်သည် သင်ရဲ့လက်စွပ်နဲ့ လုံး၀ပေါင်းစပ်သွားပြီး၊ လက်စွပ်ရဲ့၀ ိညာဉ်များဖြစ်လာသည်။ လက်စွပ်ကိုမပျက်စီးသ၍ အရိုးစု မြင်းစီးသူရဲ ၁၀ ဦး အားမသတ်ဖြတ်နိုင်ပါ။ ”

“ ဂိမ်းစနစ်ကြေညာချက်!  သင်ရဲ့  အရိုးစုမြင်းစီးသူရဲ၁၀ယောက်သည် ရှေးဘုရင်ရဲ့ စွမ်းအားပါဝါကို လက်ခံရရှိကြပြီး၊ သူတို့သည် မသေမျိုး အကြီးအမှုးချုပ် အဆင့် အဖြစ် ပြောင်းလဲသွားသည်။ "

“ ဂိမ်းစနစ်ကြေညာချက်!  သင်ရဲ့  အရိုးစုမြင်းစီးသူရဲ၁၀ယောက်သည် ရှေးဘုရင်ရဲ့ စွမ်းအားပါဝါကို လက်ခံရရှိကြပြီး၊ သူတို့ရဲ့ အလုပ်အကိုင်သည် ဘုရင့်ရဲ့ မသေမျိုး မြင်းစီးသူရဲ အဖြစ် ပြောင်းလဲသွားသည်။ "

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now