အပိုင်း (၁၈)

313 35 2
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၈ )
Chapter 18         တောင်တန်း အသွားတစ်ဖက်ဓါး

ဘိုင်ချီ ခေါင်းမော့လိုက်ပြီး၊ ပြောလိုက်သည်။

“ ဝမ်အာဂူဟာ အဆိပ်ကို အသုံးပြုဖြစ်ဖို့များတယ်လို့ ထင်ပါတယ်။ ဒီလို ဓါးပြကျေးရွာမျိုး မဟုတ်ဘဲ သာမန်ကျေးရွာဖြစ်နေခဲ့ရင်တောင်မှ  ကိုယ့်အကျိုးအတွက် သစ္စာ ဖောက်မယ့်သူတွေက ရှိနေမှာပါ။"

"ဒီလက်အောက်ငယ်သားက အရှင်မင်းမြတ်ရဲ့ အစီအစဉ်မှာ အလွန် လေးစားရတဲ့ အချက်တွေရှိနေပါတယ်။ ပထမတစ်ချက်ကတော့ ဓါးပြတွေက သာမန်အိမ်ထောင်စုတွေလို အစားအစာတွေကို သီးခြား မချက်ပြုတ်တဲ့ကိစ္စပါပဲ။ အစားအစားများအားလုံးကို တစ်ခါထဲ နဲ့ များများ ချက်ပြုတ်တဲ့အတွက် လူတိုင်းကိုအဆိပ်သင့်စေနိုင်ပါတယ်။ ဒုတိယအချက်အနေနဲ့ က‌တော့ အရှင်မင်းမြတ်က ဘယ်သူမှ သတိမထားမိလောက်တဲ့မှတ်သားလောက်စရာနဲ့ အသေးစားပုဂ္ဂိုလ်ကြီးကို ရွေးချယ်ခဲ့တာပါ။ အရှင်သခင်က လူတိုင်းရဲ့သစ္စာစောင့်သိမှုကို မြင်နိုင်ပေမယ့် သူက လူတစ်ဦးချင်းစီအား ကိုယ်တိုင်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဝမ်ဂူအာရဲ့သစ္စာဖောက်မှုကို ရှာတွေ့သွားဖို့ဆိုတာ ခက်ခဲမှာပါ။ တတိယအချက် ကတော့အရှင်မင်းမြတ်က တောက်ပသောမုန်လာဥနီ နှင့်တုတ်ချောင်း နည်းဗျူဟာ*ကို အသုံးပြုခဲ့တာပါပဲ။ မဟာ ချင် ကျေးရွာက အဆိပ်တွေ (သို့) အဆိပ်သင့်မှုတွေကို မဖန်တီးနိုင်သေးပါဘူး။ ဘုရင်မင်းမြတ်က ဝမ်အာဂူကို အယုံသွင်းဖို့အတွက် ကြောက်လန့်အောင် အရင်လုပ်စေပြီးမှ အဆိပ်ဖြစ်စေတဲ့ဆေးလုံးနဲ့အဆိပ်မဟုတ်တဲ့ဆေးလုံးကိုသာ အသုံးပြုပြီး၊ သူ့ကို သစ္စာဖောက်အောင် လုပ်ခဲ့တာပါ။ နောက်ထပ် ဘုရင်မင်းမြတ်က ဒီဓါးပြကို အလုပ်ပိုချစ်တတ်လာအောင် ပိုက်ဆံကိုသုံးပြီး၊ သူ့ကို ဆွဲဆောင်ခဲ့တာပါ။ ဒီကနေ့ ဘုရင်မင်းမြတ်ရဲ့ တောက်ပတဲ့အစီအစဉ်တွေပဲ ဖြစ်ပါတယ်။  ဒါပေမယ့်…”

ဘိုင်ချီ  စကားပြောတာကို ခဏရပ်ထားလိုက်ခဲ့သည်။

ကျောက်ဖူ ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောခိုင်းလိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now