အပိုင်း (၂၀)

325 38 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၀ )
Chapter 20            သံသတ္တုမိုင်း

ဘိုင်ချီနှင့် လိစီတို့က ကျောက်ဖူရဲ့ဆင့်ခေါ်သံကို ကြားတဲ့အခါ သူတို့ မျက်နှာတွေက ထူးဆန်း သွားခဲ့ကြပြီး၊ မေးမြန်းလိုက်ကြသည်။

“ ဘုရင်မင်းမြတ် ဘာများဖြစ်လို့ပါလဲ။"

ကျေက်ဖူ မျက်မှောက်ကြုတ်သွားခဲ့ကာ မေးလိုက်သည်။

"ငါ့အခန်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ"

လီစီ ချက်ချင်းပဲ နားလည်သဘောပေါက်သွားခဲ့သည်။ အဲ့ဒီနောက် ပြုံးသွားခဲ့ကာ ရိုသေလေးစားတဲ့ အမူအရာနှင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး၊ ပြောလိုက်သည်။

“ ဘုရင်မင်းမြတ်အနေနဲ့ မကြာမီ အမွေဆက်ခံသူ ရတော့မယ်လို့ ကျွန်တော်မျိုးတို့ မျှော်လင့်ထားတာပါ”

ကျောက်ဖူ အ‌တွက် ဒီစကားက ခေါင်းကျိန်းသွားစေခဲ့သည်။ အဲ့ဒီနောက် သူက ပြန်မေးလိုက်သည်။

"ဒီစကားရဲ့အဓိပ္ပာယ်ကဘာလဲ"

လိစီ ပြန်ဖြေလိုက်သည်။

“ ဘုရင်မင်းမြတ်၊ သခင်မ လုမိုင်  ဟာအသွင်အပြင်ကောင်းတွေရှိပြီး၊ အရှင်မင်းမြတ်က သူမကို စိတ်ဝင်စားတဲ့အတွက် ကျွန်တော်တို့အားလုံး ၀မ်းသာမိပါတယ်။ ဘုရင်မင်းမြတ်အနေနဲ့  မိဖုရားရမှာဖြစ်ပြီး၊ အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့က အရိုင်းဝံပုလွေ ကျေးရွာရဲ့သစ္စာရှိမှု ကို မြန်မြန်ရနိုင်ပါလိမ့်မယ်။ ဒီကိစ္စက ပြီးပြည့်စုံပါတယ်။"

ကျောက်ဖူ ခါးသက်သက်နဲ့ ရယ်မောလိုက်ပြီး၊ ပြန်မေးလိုက်သည်။

“ ငါ သူမကို စိတ်ဝင်စားတယ်ဆိုတာ မင်းတို့ ဘယ်လိုလုပ်သိတာလဲ။”

လိစီ ကျောက်ဖူကို ထူးဆန်းစွာနဲ့ ကြည့်လိုက်ပြီး၊ ပြောလိုက်သည်။

“ ဘိုင်ချီက ‌ကျွန်တော်မျိုးကို ပြောခဲ့တာပါ။”

ဒီစကားကို ကြားတဲ့အခါမှာတော့ ဘိုင်ချီ မျက်နှာပျက်သွားခဲ့ပါပြီ။ သူက ကျောက်ဖူရဲ့ရည်ရွယ်ချက်ကို နားလည်မှု လွဲနေခဲ့တာပါ။ သူက ချက်ချင်းပဲ တောင်းပန်လိုက်ပေမယ့် ကျောက်ဖူ ငြင်းပယ်လိုက်ခဲ့သည်။ ဒီကိစ္စလေးအတွက်နဲ့တော့ သူက ဘယ်လိုလုပ် အပြစ်တင်နိုင်ပါ့မလဲ။ ဒီလိုအခြေအနေမှာပဲ သူက ပြောလိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now