အပိုင်း (၈၁)

226 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၁ )
Chapter 81            ဘုရင့်အဆင်တန်ဆာ

ကွင်းပြင်ကြီးတစ်ခုလုံးဟာ ဒီကြောက္မက္ဖွယ်ကောင်းတဲ့ စွမ်းအားနှစ်ခုရဲ့ လွှမ်းမိုးမှုအောက္မှာ တုန်ခါ‌ေနခဲ့ပြီး၊ အပေါ်ရှိ‌ေနတဲ့ မြေမျက်နှာပြင်ကိုတောင် ထိခိုက်ခဲ့ပါတယ်။  မရေမတွက်နိုင်အောင်များပြားလှသောသတ္တဝါတွေက ဒီလို ဘေးအန္တရာယ် ကျရောက်လာတာနဲ့ သားရဲတွေက စတင်ထွက်ပြေးကြပြီး၊ နောက္မှာတော့ ငှက်တွေလဲ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြပါတော့တယ်။

မြေအောက္မှာ‌ေတာ့ နှစ်ဖက်စလုံးက သူတို့ရဲ့ အဖျက်စွမ်းအား‌ေတွကို ထုတ်လွှတ်ခဲ့ကြပါပြီ။

လျှို့ဝှက်ဆန်းကြယ်တဲ့အရိုးစုက သူ့ရဲ့ ရွှေဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး၊စွမ်းအားအားလုံးကို ဓါးဆီကို ပို့လွှတ်လိုက်တဲ့အခါ ရွှေရောင် အလင်းတန်းတွေဟာ ဓါးပတ်လည်မှာ တောက်ပလို့လာခဲ့ပါပြီ။

ဘုန်း !!

  လျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစုရဲ့တိုက်ခိုက်ချက်က ကျောက်ဖူဆီကို တိုးဝင်လာခဲ့ပါပြီ။ ခုတ်ချက်က ရိုးရှင်းပြီး၊ စွမ်းအားအပြည့်နဲ့ပါ။ ကြည့်လိုက်ရင် သူ့ဓါးက ကောင်းကင်နဲ့ မြေကြီးကို ထက်ပိုင်းပိုင်းပြီး၊ အရာအားလုံးကို ချေမှုန်းတော့မယ့် ပုံပါပဲ။

“ အားးးး !!!”  ကျောက်ဖူ သူ့လက်‌ေတွကို ဆန့်ထုတ်လိုက်ပြီး၊ အော်ဟစ်လိုက်ပါတယ်။ သူရဲ့တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်လို့နေခဲ့ပါပြီ။ သူ့ ခေါင်းပေါ်မှ ကြေးဝါ ဓား ၁၂ ချောင်းလုံးက ကြောက်စရာကောင်းတဲ့ အနက်ရောင် အလင်းတန်းတွေ ထုတ်လွှတ်နေပါတယ်။ ဒီအလင်းတန်းတွေက သတ်ဖြတ်ခြင်း အငွေ့အသတ်တွေ ဒလဟော ထုတ်လွှတ်နေခဲ့ပါတယ်။

ကျောက်ဖူ သူ့လက်တွေကို  ခက်ခဲခက်ခဲ မြှောက်လိုက်ပြီး၊ ကြေးဝါဓား ၁၂ ချောင်းရဲ့ မယုံနိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းတဲ့ အနက်ရောင် ဓားအလင်း‌ေတွနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစုကို တိုက်ခိုက်လိုက်ပါတယ်။

ဒီ အနက်ရောင် ဓားအလင်းတွေက ဖော်ပြလို့မရ‌ေအာင် စွမ်းအားကြီးမာလွန်းလှပါတယ်၊၊ ဒီ ဓါးအလင်းတွေက သဘာဝတရားတွေ အားလုံးကို ဖျက်ဆီးပစ်ပြီး၊ နတ်ဘုရားတွေကိုတောင် သတ်ဖြတ်တော့မယ့် ပုံပေါက်နေခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now