အပိုင်း (၁၁၀)

218 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၀ )
Chapter 110          အလယ်ပိုင်းကုန်းမြေ (တိုက်ကြီး)

အဘိုးကြီး လို့ဂ်ဟာ မျက်နှာစိမ်း ပြင်ပရှာဖွေသူ တစ်ယောက် ဖြစ်နေပေမယ့် ကျောက်ဖူ လူမျိုးရေးခွဲခြား မဆက်ဆံခဲ့ပါဘူး။   အရင်ကဖြစ်ဖြစ်၊ အခုဖြစ်ဖြစ်၊ အနာဂတ်မှာပဲဖြစ်ဖြစ် သူ့အနေနဲ့က လူမျိုးအားလုံးကို တန်းတူအဖြစ် ရှုမြင်တဲ့အတွက် အဖိုးကြီး လို့ဂ်ကို သူ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။  ကျောက်ဖူ အဖိုးကြီးလို့ဂ် ရောက်လာတဲ့အခါမှာတော့ အဖိုးကြီးလို့ဂ်ဟာ အနည်းငယ် ငယ်ရွယ်နုပျိုနေတာကို သတိထားမိလိုက်ပါတယ်။ အဖိုးကြီး လို့ဂ်က အရင်ကထက် ၁၀နှစ်လောက် ငယ်ရွယ်သွားတာဟာ အဆင့်တက်ခဲ့ခြင်းရဲ့ အကျိုးသက်ရောက္မှုပါပဲ။

‌ ကျောက်ဖူ အဖိုးကြီးလို့ဂ်နဲ့ စကားပြောဆိုပြီးနောက် အဖိုးကြီးလို့ဂ်ဟာ အဆင့်၁ စစ်သူကြီး ဖြစ်လာပြီးနောက် အထူး စစ်မှုထမ်း အလုပ်အကိုင် ၃ မျိုး ရွေးချယ်နိုင်ကြောင်း သိခဲ့ရပါတယ်။

ပထမတစ်ခုကတော့  အလုပ်အကိုင် အသစ်ကို ဖန်တီးပြီး တိုးတက်အောင် လုပ်ကိုင်ရမှာပါ။ အဖိုးကြီး လို့ဂ်ရဲ့အလုပ်အကိုင်က နတ်ဆိုးဘုန်းတော်ကြီး ဖြစ်တာကြောင့် မှော်အမျိုးအစား နတ်ဆိုးစွမ်းအားတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီစွမ်းအားက အတော်လေး အားနည်းပါတယ်။

ဒုတိယကတော့ ဘိုင်ချီလိုမျိုး ထူးခြားတဲ့ သံမဏိလင်းယုန်လက်ရွေးစင် စစ်သည်တွေလို ယခင် ရှိပြီးသား အလုပ်အကိုင်ကို ရွေးချယ်ဖို့ပါ။ ဒီအလုပ်က ဘိုင်ချီ တစ်ယောက်ထဲ လုပ်လို့ရတာမဟုတ်ပါဘူး။ ဒီအလုပ်က မဟာ ချင်ရဲ့ စစ်တပ် အဖွဲ့အစည်း အလုပ်အကိုင်တစ်ခုပါ။ ဒါကြောင့် မဟာ ချင်ရဲ့ စစ်သူကြီး ဖြစ်လာတဲ့ သူ အားလုံး ရွေးချယ် လုပ်ကိုင်နိုင်ပါတယ်။

တတိယ ကတော့ အဖိုးကြီးလို့ဂ်ရဲ့မျိုးနွယ်ဖြစ်တဲ့ ဂေါ္ဗလင်တွေရဲ့ အလုပ်အကိုင်ပါပဲ။ ဂေါ်ဗလင် စစ်မှုထမ်း အလုပ်အကိုင်တွေဆိုတာက ဂေါ်ဗလင်  တိုက်ခိုက်ရေးသမား တွေလိုမျိုးကို ဆိုလိုတာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now