အပိုင်း (၁၉၀)

200 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၉၀ )
Chapter   190        အငြိုးကြီးတဲ့တစ္ဆေရဲ့ ဝိညာဉ်ခိုးယူခြင်း

ရှေးအချိန်မှစတင်ပြီး၊ လူအများရဲ့ ထောက်ခံမှုကိုခံယူခဲ့သူသာ ကမ္ဘာကြီးကို ထိန်းသိမ်းနိုင်ခဲ့တာပါ။ လူကြိက္များခြင်းဆိုတဲ့ အထောက်အပံ့အုပ်ချုပ်သူ‌ေတွအတွက် အရေးကြီးဆုံးသောအရာတစ်ခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ကျန်းဟောင်ရဲ့စစ်သည် ၃၅၀၀ အားလုံးဟာ အတွေ့အကြုံများစွာရှိပြီး၊ ကျောက်ဖူမှာ စစ်သည်  ၁၀၀၀ သာ ရှိတာကြောင့် သူတို့အနေနဲ့  ရန်သူ‌ေတွကို သုံးယောက် တစ်ယောက်နှုန်း ရင်ဆိုင်ရမှာပါ။ ကျောက်ဖူ ဒီဆိုးရွားတဲ့ အခြေအနေကို တွက်ချက္မိပြီး၊ ကျန်းဟောင်ကို ရင်ဆိုင်ဖို့ ဒေသခံတွေရဲ့ အကူအညီကို ရယူဖို့ သူ မျှော်လင့်ထားခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ သူက ကျန်းဟောင်အပေါ်  ညစ်ပတ်နေတဲ့ ရေပုံးတစ်ပုံးကို လောင်းခဲ့လိုက်ပါတယ်။*  တကယ်တော့ လွီမင်း သေဆုံးမှုဟာ ကျန်းဟောင်နဲ့ မသက်ဆိုင်ဘူးဆိုခဲ့ရင်တောင်  ကျောက်ဖူ ဘာမှတွေးမနေတော့ပဲ ကျန်းဟောင်ကို ရွံရှာပြီး၊ စက်ဆုတ်ဖွယ်‌ေကာင်းတဲ့ မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် ပုံပေါ်အောင် သူက အတတ်နိုင်ဆုံး ကြိုးစားထားခဲ့တာပါ။

  ဒီနည်းလမ်းနဲ့ သူက လူအုပ်ကြီးကို ကဖန်းဟောင်ကို ဆန့်ကျင်စေပြီး၊ သူ့ရဲ့တပ်ဖွဲ့တွေကို ကျန်းဟောင်ကို ဖြုတ်ချဖို့ ကူညီ‌ေစချင်ခဲ့တာပါ။

မိုးမခတောင်မြို့မှာ ဆူညံသံတွေ ထွက်ပေါ်လာခဲ့တာကြောင့် လူတွေကို နိုးထစေခဲ့ပါတယ်။ ဒီအော်ဟစ်သံတွေ ကြားရတဲ့အခါမှာ‌ေတာ့ ဒေသခံတွေ ထွက်လာခဲ့ကြပါပြီ။ လွီဆုဘိုင် ငိုနေတာကို သူတို့ မြင်လိုက်ရတဲ့ အခါမှာတော့ သူမဘယ်လောက်‌ေတာင် ဝမ်းနည်း ကြေကွဲနေတယ်ဆိုတာကို တွေ့လိုက်ရပြီး၊ သူတို့က ချက်ချင်းပဲဒေါသထွက်လာခဲ့ကာ ကျောက်ဖူရဲ့တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။

ကျောက်ဖူရဲ့ တပ်ဖွဲ့ကို လူတွေ ပိုပိုပူး‌ေပါင်းလာခဲ့ပြီး‌ေနာက် သူတို့ဟာ မြို့တော်ဝန်ရဲ့ နေအိမ်ကို ပြေးဝင်လာခဲ့ကြပါပြီ။ ကြည့်ရတာ တားဆီးလို့ လုံးဝ မရနိုင်တော့တဲ့ အခြေအနေပါပဲ။ မကြာခင်မှာပဲ နှစ်ဖက်တိုက်ပွဲ စတင်ခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now