အပိုင်း (၁၃)

334 36 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃ )
Chapter 13        အံ့ဩစရာ တစ်ခု

ကျောက်ဖူ ဒီလိုကြီးမားတဲ့ မိသားစုကြီးတွေအပေါ် အကောင်းမြင်စိတ် သိပ်မရှိခဲ့သလို ရင်း မိသားစု နဲ့ ပက်သက်လိုခြင်းလည်း မရှိခဲ့ပါဘူး။  အဲ့ဒီမိသားစုကို ရှာဖွေဖို့လဲ သူ စိတ်မဝင်စားပါဘူး။

ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာ (သတင်းအချက်အလက်ကွန်ယက်) ဖိုရမ်အခန်းကဏ္ဍစာမျက်နှာမှာ ရှိနေတဲ့ သတင်းများကို ရှာဖွေပြီးနောက် သူဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အံ့အားသင့်ခဲ့ရသည်။ တစ်စုံတစ်ဦး တရုတ်နှင့် ပတ်ဝန်းကျင်နိုင်ငံများရဲ့ အသေးစိတ်အချက်အလက်တွေကို အကြမ်းဖျင်း မြေပုံရေးဆွဲခဲ့တာကိုပါ။ ကျောက်ဖူ တရုတ်ပြည် အနောက်တောင်ပိုင်းကို တစ်ချက်ကြည့်ခဲ့လိုက်သည်။

အဲ့ဒီနောက်မှာတော့ ကျောက်ဖူ ဘယ်သတင်းကိုမှ ဆက်မကြည့်တော့ဘဲ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကို ပြန်သွားခဲ့သည်။

"ဘုရင်မင်းမြတ်။ အဆင်ပြေရဲ့လား။ ကျွန်တော်တို့ရဲ့ ရွာသားတစ်ယောက်က မျက်နှာစိမ်းပြင်ပ ရှာဖွေသူ တစ်ယောက်ကြောင့် ဒဏ်ရာရခဲ့သည်။  ကံကောင်းတာတစ်ခုက ဘိုင်ချီက သူတို့ထဲက တချို့ကို ဖမ်းယူနိုင်ခဲ့ပါတယ်။”

  ဆိုပြီး၊ လိစီ ကျောက်ဖူဆီ ရောက်ရောက်ခြင်း သတင်းပို့လာခဲ့သည်။

ကျောက်ဖူ တော်တော်လေးကို အံ့ဩသွားခဲ့သည်။ ရွာသားတွေအားလုံးဟာ မဟာ ချင် ကျေးရွာတွင် နေထိုင်နေခဲ့ကြပြီး၊ သူတို့က သိပ်ဝေးဝေးလံလံနေရာတွေကို မသွားခဲ့ကြပါဘူး။ကျောက်ဖူ သူလူတွေကို ပတ်၀ န်းကျင်အား ကင်းလှည့်ဖို့သာ စေလွှတ်ထားခဲ့ပါသည်။ ဒီနေရာမှာ အန္တရာယ်မရှိသင့်ပါဘူး။ ဒီ မျက်နှာစိမ်းရှာဖွေသူတွေက ဘယ်ကနေရောက်လာတာလဲ။

အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့ကာ ကျောက်ဖူ   လိစီ နောက်ကို လိုက်လာခဲ့ပြီး၊ ဘိုင်ချီ ကိုသွားတွေ့ခဲ့လိုက်သည်။

ဒီအချိန်မှာတော့ ဘိုင်ချီဟာ  သူ့လူတွေကို နွမ်စ် (မြေအောက်နေ လူပု) အနည်းငယ်ကို ကြိုးတုတ်ပြီး၊ ချည်နှောင်ထားဖို့ အမိန့်ပေးခဲ့လိုက်သည်။ သူတို့က ဂေါ်ဗလင်တွေထက် အရပ်အနည်းငယ် လောက်ပိုရှည်ကြပြီး၊ အရိုးခြောက်သာသာ ပိန်ပါးကြသည်။ သူတို့ရဲ့အသားအရေတွေကမီးခိုးရောင်ဖြစ်ပြီး၊ အတော်လေးရုပ်ဆိုးကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now