အပိုင်း (၇၄)

230 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၄ )
Chapter 74      ပုန်ကန်ကြခြင်း

ကျောက်ဖူ ပေါ့ပေါ့ပါးပါးပဲ ရယ်လိုက်ပြီး‌ေပြာလိုက်ပါတယ်၊၊
“ ရိုးရိုးသားသားပြောရရင် ကမ္ဘာကြီးကို စည်းလုံးညီညွတ်အောင်လုပ်နိုင်မယ်လို့ ငါ မယုံဘူး။  ဒါပေမယ့်လည်း ငါ့လူတွေကိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လေးကင်းလုံခြုံ‌ေအာင်‌ေတာ့ ငါ သေချာပေါက်လုပ်မယ်။
ရှာအိုဂျင်း ပြုံလိုက်ပြီး၊ ပါးစပ်က သွေးတွေကို ထွေးထုတ်လိုက်ပါတယ်။

ကျောက်ဖူ အနက်လေးပေါ်က  ဆင်းလာပြီး၊ ရှာအိုဂျင်းကို ထူမလိုက်ပါတယ်။ အဲ့ဒီ့နောက် သူအစွမ်းထက်တဲ့ ဒဏ်ရာကုသဆေးဝါးတွေကို တိုက်‌ေကြွးလိုက်ပြီး၊ သူ့ဒဏ်ရာတွေကို ကုသပေးခဲ့ပါတယ်။

ကျောက်ဖူ ရှာအိုဂျင်းအနေနဲ့ တတိယညီ ဝမ်ဘိုးကို သတ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။ သန်မာမူအရဆိုရင် ရှာအိုဂျင်း ဝမ်ဘိုးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အဆက်မပြတ်တိုက်ခိုက်မူတွေနဲ့ မယုံနိုင်လောက် နာကြည်းရက်စက်ကြမ်းကြုတ်မူ‌ေတွ‌ေကြာင့် ဝမ်ဘိုးကြောက်ရွံ့သွားခဲ့တာပါ။ နောက်ဆုံးမှာရှာအိုဂျင်း ဝမ်ဘိုးကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း သူမှာ အတော်ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်‌ေတွ‌ေတာ့ ကျန်ရစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲက ကျောက်ဖူရဲ့ ပြီးပြည့်စုံသော အောင်ပွဲလို့ ပြောလို့ရပါတယ်။ ရန်သူ တောပုန်းဓါးပြ ၃၇၀၀ သေပြီး၊ ၃၀၀ ကိုလက်ရဖမ်းနိုင်ခဲ့လို့ပါ။ တောပုန်းဓါးပြတွေကို ကနေဦး ဆွဲဆောင်ဖို့ လုပ်ခဲ့တဲ့ ဒဏ်ရာရသူအနည်းငယ်လောက်က လွဲရင်ထိခိုက်ဒဏ်ရာရမှုတွေက မရှိသလောက်ပါပဲ။ ပန်းတစ်ရာကျေးရွာမှ လူလေးဦး သေဆုံးခဲ့ပြီး၊ ကျန်တဲ့သူတွေကတော့ ဒဏ်ရာအနည်းငယ်‌ေလာက်ပဲ ရရှိခဲ့တာပါ။

ဒီတိုက်ပွဲ အလွန်အောင်မြင်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းကတော့ ရှာအိုဂျင်းနဲ့ သူတွေကြောင့်ပါပဲ။ ဒီလိုမှ မဟုတ်ခဲ့ရင် ဒီတောပုန်းဓါးပြတွေကို အပြင်ကို ခေါ်ထုတ်ဖို့ ကျောက်ဖူရဲ့အစီအစဉ်က မရေရာပါဘူး။  ဂေါ်ဗလင်တွေနဲ့ ခေါ်ထုတ်ဖို့က အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် တောပုန်းဓါးပြတွေ သံသယဝင်သွားနိုင်ပြီး၊ ရှာအိုဂျင်းနဲ့ သူ့လူတွေကို အသုံးချတာလောက်တော့ အဆင်မပြေနိုင်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now