အပိုင်း (၃၃)

266 34 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၃ )
Chapter  33            သတ်ဖြတ်ခြင်းကနေ တိုးတက်ပြောင်းလဲလာနိုင်မူ

အော့်စ်လူဘီလူး ၅၀၀၀ ရှိတဲ့ အော့်စ်လူဘီလူးကျေးရွာသည် မဟာ ချင် ကျေးရွာရဲ့ မြောက်ဘက်မှာရှိပြီး၊ အဆင့်မြင့်ကျေးရွာတစ်ရွာလည်း ဖြစ်သည်။ ဘိုင်ချီ၊ အခြားသူတွေနှင့် ဒီကိစ္စကိုဆွေးနွေးပြီးနောက် ကျောက်ဖူ အဲ့ဒီသူတွေကို လက်ရှိအချိန်မှာ လက်ရှောင်ထားတာက အကောင်းဆုံးပဲဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့လိုက်သည်။ ဒါကြောင့် သူက အော့်စ်လူဘီလူးတွေနဲ့ မတွေ့ဆုံနိုင်ဖို့အတွက် မြောက်ဘက်မှာ စူးစမ်းလေ့လာတာတွေကို မလုပ်ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ တဆက်တည်းမှာပဲ သူက ရွာသားတွေကို လုံခြုံရေးနဲ့ ကာကွယ်ရေးကို အထူးအလေးထား ဆောင်ရွက်ဖို့ အမိန့်ပေးခဲ့လိုက်သည်။

ဒွပ်ဝ်လူပုမျိုးနွယ်တွေဟာ သတ္တူကြိုချက်တာတွေ မှာ ကျွမ်းကျင်ကြသည်။ ဒါကြောင့် ဒီမီးခိုးရောင် အသားအရေရှိတဲ့ ဒွပ်ဝ်တွေသည်လည်း သတ္တူကြိုချက်တတ်ကြသည်။ သူတို့ရဲ့အကူအညီတွေက ဝမ်တဝူရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို များစွာသက်သာသွားစေခဲ့သည်။ ဒီအချိန်မှာတော့ ကျောက်ဖူ  လက်နက်ကိရိယာတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်နေပါပြီ။

ကျောက်ဖူ ဂေါ်ဗလင်တိုက်ခိုက်ရေးသမား  ၁၀ ရဲ့ ဒိုင်းလွှားတွေကို ပြင်ဆင်ဖို့အတွက် ပထမဆုံး စီစဉ်ခဲ့လိုက်သည်။ အဲ့ဒီနောက် သူက အမိန့်ပေးတံဆိပ်ပြားကို ထုတ်လိုက်ပြီး၊ အရိုးစုမြင်းစီးသူရဲ ၁၀ ယောက်ကို ဆင့်ခေါ်ခဲ့လိုက်သည်။ ဒီမြင်းစီးသူရဲတွေကို ရွာသားတွေ မြင်တဲ့အခါမှာတော့ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြကာ အော်ဟစ်ခဲ့ကြသည်။ကျောက်ဖူ ဒီအရိုးစုမြင်းစီးသူရဲတွေသည် ကျေးရွာရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ကြောင်းကို မြန်မြန်ဆန်ဆန်နဲ့ ရှင်းပြခဲ့လိုက်ရသည်။ ကျောက်ဖူ သူတို့ရဲ့ လုံခြုံရေးကို တိုးမြှင့်နိုင်ဖို့အတွက် ဒီအရိုးစုမြင်းစီးတပ်ဖွဲ့အတွက် လက်နက်ကိရိယာအသစ်တစ်ခု တပ်ဆင်ပေးဖို့ စီစဉ်ခဲ့လိုက်သည်။ ဒီအရိုးစုမြင်းစီးသူရဲတွေရဲ့ အင်အားက အတော်လေး ကြီးမားပြီး၊ တောင့်တင်းသန်မာကြသည်။ တကယ်လို့ ဒီအရိုးစုမြင်းစီးသူရဲတွေကိုသာ ချပ်ဝတ်တန်ဆာအပြည့်အစုံ တပ်ဆင်ပေးလိုက်ပါက ကျောက်ဖူတောင် သူတို့တွေကို အလွယ်တကူသတ်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now