အပိုင်း (၅၀)

258 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၀ )
Chapter  50          အကြီးအကဲ ဘိုင်

အားလုံးက လက်နက်ချပြီးတဲ့နောက်မှာတော့ ဒီလူတွေကိုစီမံခန့်ခွဲရန် ဘိုင်ချီထံကို ကျောက်ဖူ လွှဲပေးလိုက်ပါတယ်။ ကျောက်ဖူ အလောင်းတွေကို ဖြတ်ကျော်ပြီး ဂေါ်ဗလင် ကျေးရွာခန်းမကို သွားခဲ့လိုက်တယ်။ အံ့ဩစရာတစ်ခုက ဂေါ်ဗလင်ရွာဟာ အပြာရောင် အဆင့်အတန်းကျေးရွာတစ်ရွာ ဖြစ်နေတာပါပဲ။။

ကျောက်ဖူက ဒီရွာကို အောင်ကြောင်းနဲ့ ပြောင်းရွှေ့ရန်ဆိုတာကို ရွေးလိုက်ပါတယ်။အဲ့ဒီ့နောက် သူက ဂိမ်းစနစ်က ကြေညာချက်ကို ရရှိခဲလိုက်ပါတယ်။ သူဟာ အောင်မြင်မူရမှတ် ၂၀၀ နဲ့ မဟာ ချင် ကျေးရွာက အတွေ့အကြုံရမှတ် EXP ၄၃၄၀ ကို ရရှိကြောင်း ဂိမ်းစနစ်က ပြောလာခဲ့ပါတယ်။

ကျောက်ဖူ အောင်မြင်မှုရမှတ်တွေနဲ့ EXP အမြောက်အများကို ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်နေခဲ့ပါတယ်။ ဒါဟာ အဆင့်မြင့် ကျေးရွာကို အောင်နိုင်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ယခုအချိန်မှာတော့ မဟာ ချင် ကျေးရွာဟာ အလယ်အလတ်ကျေးရွာတစ်ရွာသာ ဖြစ်‌ေနပြီး၊ အဆင့်မြင့်ကျေးရွာတစ်ခုကို အဆင့်တက်ဖို့  EXP ၃၀၀၀၀ လိုအပ်နေပါသေးတယ်။  ဒီလောက် များတဲ့ အတွေ့အကြုံရမှတ် EXP တွေကို ရရှိပြီးတဲ့နောက်‌ေတာ့ အဆင့်တက်ဖို့ အတော်လေးနီးစပ်နေပါပြီ။

အဲ့လ်ဖ်နတ်သူငယ် ကျေးရွာဟာ ဒီရွာနဲ သိပ်မဝေးတဲ့အတွက် ကျောက်ဖူက သူ့စစ်သည်တွေကို အဲ့လ်ဖ်နတ်သူငယ်ရွာကို ခေါ်ဆောင်လာခဲ့ပါတယ်။   ရွာထဲမှာရှိ‌ေနတဲ့ အဲ့လ်ဖ်နတ်သူငယ်‌ေတွက‌ေတာ့ သူတို့ရဲ့ အကြီးအကဲက လက်နက်ချလိုက်ပြီဆိုတဲ့ ဂိမ်းစနစ်ရဲ့‌ေကြညာချက်ကို ကြားခဲ့ပြီး၊ ဒီလို များပြားတဲ့ မျက်နှာစိမ်းပြင်ပရှာဖွေသူ တွေဝင်လာကြတာကို အံဩ နေကြပါတယ်။ သူတို့တွေ့လိုက်တာကတော့ ကိုဘိုးလ်တွေ ဂေါ်ဗလင်တွေ၊
နွမ်စ် (မြေအောက်နေ လူပု)တွေနဲ့ ဆိုဝါးတဲ့အရိုင်းအစိုင်းကောင် အော့စ်တွေကိုပါ။

ဒါကြောင့် အဲ့လ်ဖ်နတ်သူငယ်‌ေတွ အများစုက ရဲရဲ မချဉ်းကပ်လာကြပဲ အဝေးကနေ ကြောက်ရွံ့စွာ ရပ်ကြည့်နေခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now