အပိုင်း (၈၆)

224 27 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၆ )
Chapter 86         ဒဏ္ဍာရီလာဓား (၁၀) လက်

ကျောက်ဖူ ပြုံးလိုက်ပါတယ်။ ဒီကမ္ဘာမှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိပါဘူး။   တစ်စုံတစ်ယောက်က အောင်မြင်မှုရဖို့ တစ်လှမ်းခြင်းဆီလှမ်းတက်ရမှာပါ။ ကြိုးပမ်းအားထုတ်မှု မရှိဘဲ အကျိုးကျေးဇူးတွေကို ရိတ်သိမ်းဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အဲ့ဒီ့လိုလူတွေကတော့ ဒီလိုအတွေးတွေအတွက် တန်ရာတန်ကြေး ပေးဆပ်ကြရမှာပါပဲ။

ကျောက်ဖူ ဒီသတင်းအချက်အလက်စာမျက်နှာ ဖိုရမ်မှာ ရှိတဲ့ အခြားသတင်းတွေကို ဆက်ဖတ်ခဲ့လိုက်ပါတယ်။

အဲ့ဒီ့နောက် ကျောက်ဖူ နောက်တွင် ရှေးဟောင်းဒဏ္ဍာရီလာ ဓား ၁၀ ချောင်းကို ဖတ်ကြည့်ခဲ့ပါတယ်။ပထမ အမိန့်ပေးဓါး (သဒ္ဓိဝင် ဓါး)၊  ဒုတိယ သန့်ရှင်းသော တစ်ဖက်သွားဓါး(သနားညှာတာမူ့ကို‌ေဖာ်ပြတဲ့ဓါး)၊တတိယ ကြက်သွေးရောင် မိုးကောင်းကင်ဓါး (အချုပ်အခြာအာဏာပိုင်စိုးမူ့ကို‌ေဖာ်ပြတဲ့ ဓါး)၊  စတုတ္ထ တိုင်ရီဓါး(အင်အားကြီးမူ့ကို‌ေဖာ်ပြတဲ့ ဓါး)၊ ပဉ္စမ ကြယ်ခုနှစ်လုံး အသူရာနဂါးဓါး (ရိုးသားဖြာင့်မတ်မူကို‌ေဖာ်ပြတဲ့ ဓါး)၊  ဆဌမနဲ့ သတ္တမမြောက်ဓါး‌ေတွကတော့ ဓါးတစ်စုံပဲဖြစ်ပြီး၊ စစ်မှန်တဲ့ချစ်ခြင်း‌ေမတ္တာဓါး‌ေတွပါ။ဒီဓါးတွေက ဂန်းဂျင်းဓါးနဲ့ မောဇီဓါး၊အဌမ ငါးအူဓါး (ရဲရင့်သတ္တိရှိမူ့ကို‌ေဖာ်ပြတဲ့ ဓါး)၊ နဝမ အစစ်အမှန်မွန်မြတ်ထူးချွန်ဓား (အနှိုင်းမဲ့ ဂုဏ်ကျက်သရေကိုဖော်ပြတဲ့ဓါး)၊ ဒသမ အရိပ်မဲ့မှုန်ဝါးဓါး (သိမ်မွေ့ကျော့ရှင်းခြင်းကို ဖော်ပြတဲ့ဓါး) တို့ပါပဲ။ဖြစ်သည်။ [TLN: စိတ်ဝင်စားသူများအတွက် ဤဓါးများအားလုံးသည် တရုတ်နိုင်ငံ၏ သမိုင်းတွင် အမှန်တကယ်ရိှခဲ့‌ေသာ ဓားများဖြစ်သည်။ ]

ဒီလို ထိပ်တန်းကျော်ကြားတဲ့ ဓား ၁၀ ချောင်းအပြင် အခြားကျော်ကြားတဲ့ ဓားတွေလည်းရှိနေပါသေးတယ်။  ဥပမာအားဖြင့်၊ ဓားလက်နက်ပန်းပဲဖိုကို တည်ထောင်သူ အူရဲဇီက ထိပ်တန်း ၁၀ ဓါးချောင်းမှာ ပါ၀င်ခဲ့တဲ့ ဓားတွေအပြင် အခြားဓားများစွာကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ အဲ့ဒီ့ဓါးတွေကတော့ ဂေါင်းဘုဓါး၊ မိစ္ဆာနိှမ်နင်းဓါး၊ မဟာ ဖျက်စီးခြင်းဓါး၊ ပင်းယန်ဓါး၊ ဟူကိုးဓါး တွေပါပဲ။ နွေဦးဆောင်းဦးကာလတုန်းကလည်း ထင်ရှားကျော်ကြားခဲ့တဲ့ ဓါးတွေ ရှိနေပါသေးတယ်။ နေလုံးဖုံးကွယ်ဓါး၊ ရေအဆုံးသတ်ဓါး၊ ဝိညာဉ်လည်ပြန်ဓါး၊ ဧရာမဓါး၊ နတ်ဖျက်စီးခြင်း ဓါး၊ မိစ္ဆာတွန်းလှန်ဓါး၊ သံမဏိဓါးတို့ပဲဖြစ်ကြပါတယ်။ တန် မင်းဆက္မှာလည်း အခြားကျော်ကြားတဲ့ ဓါးတွေရှိနေပါသေးတယ်။ ကျီးကန်းကိုးကောင်ဓါး၊ အသူရာမြူဓါး၊ ဆွံ့အဓါး၊ အသူရာနဂါးဓါး၊ စသည်ဖြင့်.... 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now