အပိုင်း (၁၈၁)

192 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၁ )
Chapter 181  အားနည်းသူတို့ကို သနားခြင်း

ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ပြီးနောက် ကျောက်ဖူနဲ့ ဂေါ်ဗလင် ၂၉ ယောက် တို့ဟာ သမိုင်းအကြွင်းအကျန်နယ်မြေနဲ့  ၁၀ ကီလိုမီတာအကွာမှာ ရှိနေတဲ့ ရွာတစ်ရွာကို တွေ့ရှိသွားခဲ့ပါတယ်။ ဒီရွာက လူသားမျိုးနွယ်စု ကျေးရွာတစ်ခုပါပဲ။ ဒီကျေးရွာက နွေဦး ဆောင်း ဦး ကာလက မျိုးနွယ်တစ်ခုဖြစ်ခဲ့ပြီး၊ သူတို့တွေက ယဉ်ကျေးတဲ့မျိုးနွယ်တွေ မဟုတ်ပဲ ခွန်အားကို ကိုးကွယ်တဲ့  လူရိုင်း‌ေတွပါပဲ။

ဒီရွာက အခြေခံအဆင့် ကျေးရွာတစ်ခုပဲ၊ လူ ၃၀၀ လောက်ပဲရှိတယ်။ ယောက်ျားရော မိန်းမပါ အရပ်ရှည်ကြပါတယ်။ ခန္ဓာကိုယ်တွေက ကျန်းမာကြံ့ခိုင်ကြပြီး၊ ခွန်အားပြည့်စုံကြတာကြောင့် တိုက်ခိုက်ရေးသမားကောင်းတွေ ဖြစ်ကြပါတယ်။

ဒီရွာက လူဦးရေ ၃၀၀ လောက် ရှိနေခဲ့ပေမယ့် ကျောက်ဖူနဲ့ သူ့ ဂေါ်ဗလင်တွေအတွက်တော့ ဒီအရာက ခြိမ်းခြောက္မှု တစ်ခု မဟုတ်ခဲ့ပါဘူး။ဒီနေရာမှာရှိနေတဲ့ လူအများစုက ကျင့်ကြံမှု့အဆင့် (၀-၃) ၊ (၀-၄)လောက်သာ ရှိနေကြပြီး၊ ကျောက်ဖူရဲ့လူတွေက အဆင့် ၁ က အနိမ့်ဆုံးရှိနေလို့ပါ။

မိုင်နိုတောတွေက လည်း အမှောင်တောအုပ်ထဲမှာ ရှိနေလို့ ကျောက်ဖူ  ရှေးဟောင်း စွမ်းအား အော့ဖ်စက်လုံးတွေရဖို့ စိတ်ပူစရာမလိုပါဘူး။ ဒီနေရာကို ကောင်းစွာ ကာကွယ်နိုင်ဖို့အတွက် သူက ဂေါ်ဗလင်တွေကို ရှေးဟောင်းစွမ်းအင် အော့ဖ်စက်လုံးတစ်လုံးစီ ပေးခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူ့ရဲ့ ဂေါ်ဗလင်တွေ အားလုံးဟာ ကြွက်သား‌ေတွနဲ့ ပြည့်နှက်နေပြီး၊ နွား‌ေတွလို ကြံ့ခိုင်သန်မာနေပါပြီ။

ခွန်အားသန်မာမှု အနေအထားအရဆို သူ့ရဲ့ ဂေါ်ဗလင်အမျညးစုဟာ ကျင့်ကြံမှုအဆင့် (၁-၅) လောက်ကို ရောက်ရှိ‌ေနခဲ့ပါပြီ။ သူတို့က အဆင့်မြင့် စစ်သည်တွေနဲ့ နှိုင်းယှဉ်နေနိုင်ပြီဖြစ်တာကြောင့် ဒီအဆင့်နိမ့်စစ်သည်တွေကို ကိုင်တွယ်ဖို့က မခက်ခဲဆော့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now