အပိုင်း (၁၀၇)

212 20 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၇ )
Chapter 107      မဟာ ချင် ရဲ့  ဦးစီးဌာန (၁၀)ခု

အပြင်ကို ပြန်ရောက်လာတဲ့အခါမှာ‌ေတာ့ သူ့ကိုစောင့်နေတဲ့သူ‌ေတွ အားလုံး စိတ်သက်သာရာ ရသွားခဲ့ပါပြီ။ ကျောက်ဖူ အထဲကို ဝင်သွားပြီး၊ ၁၀ရက်လောက် အကြာမှာတော့ သူ့တို့ရဲ့ စိုးရိမ်ပူပန်မှုတွေက မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် သူတို့ စိတ်မပူပဲ မနေနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ ကျောက်ဖူ ပြန်ထွက်လာတာကို တွေ့လိုက်ရတဲ့ အတွက် သူတို့ စိတ်အေးသွားနိုင်ခဲ့ပါပြီ။

ကျောက်ဖူရဲ့ သွေးထွက်သံယိုဖြစ်‌ေနတဲ့ ခန္ဓာကိုယ်ကို သူတို့တွေ့တဲ့ အခါမှာတော့ ဘိုင်ချီက ကျောက်ဖူကို ကူညီဖို့ မြန်မြန်ဆန်ဆန် ပြေးသွားခဲ့ပြီး၊ စိုးရိမ်ပူပန်မှု အပြည့်နဲ့ မေးမြန်းခဲ့ပါတယ်။
" အရှင် မင်းမြတ်၊ ဘယ်လိုေတွဖြစ်ပြီး၊ ဒီလောက် ကြီးမားတဲ့ ဒဏ်ရာတွေရခဲ့တာလဲ။"

ကျောက်ဖူ ယခု အခါမှာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပေနယ့်၊ သူရလာတဲ့ ဒဏ်ရာတွေကြောင့် အတော်လေး အားနည်းနေခဲ့ပါတယ်။ သူက ပြုံးရုံသာ ပြုံးပြလိုက်နိုင်ပြီး၊ သမိုင်း အကြွင်းအကျန်ထဲက အဖြစ်အပျက်တွေကို ရိုးရိုးပဲ ရှင်းပြလိုက်တဲ့အခါ လူတိုင်းက အံ့အားသင့်သွားခဲ့ပါတယ်။

မဟာ ချင် ကျေးရွာကို ပြန်ရောက်ပြီးနောက် တစ်ရက်နှစ်ရက်အကြာမှာပဲ ကျောက်ဖူ ပြန်လည်ကျန်းမာလာခဲ့ပါပြီ။ အဲ့ဒီ့‌နောက် သူ  ကြွက်လူ ကျေးရွာကို ပြန်သွားခဲ့ပြီး၊ ပတ်ဝန်းကျင်ကို ကြည့်ရှု့ခဲ့လိုက်ပါတယ်။ ဒီကြွက်လူ ကျေးရွာဟာ ငွေအဆင့် ကျေးရွာတစ်ရွာ ဖြစ်‌ေနတာ‌ေကြာင့် ယခု ဆို ကျောက်ဖူမှာ ငွေ အဆင့် ကျေးရွာ ငါးရွာရှိနေခဲ့ပါပြီ။

အဲ့ဒီ့နောက် ကျောက်ဖူ ကြွက်လူတွေရဲ့ စစ်တန်းလျားကို သွားခဲ့တဲ့အခါမှာတော့ အလုပ်အကိုင်ပြောင်း ကျောက်တုံး သုံးခုကို တွေ့ခဲ့ရပါတယ်။

[ကြွက်လူ စစ်သည်]: F + အဆင့် စစ်မှုထမ်း၊ ဖော်ပြချက် - ကြွက်လူတွေ အကြားမှ စစ်သည်များ
အကျိုးသက်ရောက်မှု - ရရှိသည်။ [တစ်ဖက်သွားဓါး တိုက်ခိုက်ခြင်း နည်းစနစ်] ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now