အပိုင်း (၁၀၃)

216 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၃ )
Chapter 103            လုပ်ကြံသတ်ဖြတ်သူ

ဒီကျောက်တုံးကို ကြည့်ပြီးနောက် ကျောက်ဖူ သမိုင်းအကြွင်းအကျန် နေရာထဲကို ဝင်လာခဲ့ပါတယ်။ ဒီသမိုင်းအကြွင်းအကျန်‌ေနရာထဲမှာ မီးတိုင်တွေ ထွန်းညှိထားပြီးသား ဖြစ်တာကြောင့် အတွင်းပိုင်းမှာ မှောင်မိုက်မနေခဲ့ပါဘူး။ ဒီနေရာကို ကြွက်လူတွေက အစိတ်အပိုင်းအနည်းငယ်လောက် လေ့လာစူးစမ်းခဲ့ကြပြီး၊ လုပ်ကြံသတ်ဖြတ်သူ အလုပ်အကိုင်ကလည်း ဒီနေရာက ရလာတာ ဖြစ်ဖို့ များပါတယ်။

ကျောက်ဖူ ဆက်လျှောက်လာခဲ့တဲ့အခါ ခန်းမကြီး တစ်ခုကို ရောက်လာခဲ့ပါတယ်။ ဒီခန်းမကြီးက မီတာ ၃၀ ကျောက်ကျယ်ပြီး၊ ကြမ်းပ့င်ကိုတော့ တောက်ပတဲ့ စကျင်ကျောက်‌ေတွနဲ့ ခင်ကျင်းထားပါတယ်။ မျက်နှာကျက် ပေါ်မှာတော့ ပန်းချီ‌ေဆး‌ေရး‌ေတွ ရှိနေခဲ့ပါတယ်။ ဒီပန်းချီ‌ေဆး‌ေရးတွေက ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တွေမှာ လူတွေက ပျော်ရွှင်စွာနေထိုင်ကြပြီး၊ သူတို့ရဲ့ မျက်နှာတွေမှာတော့ အပြုံးတွေကိုယ်စီနဲ့ပါ။

ခန်းမထဲမှာရိှတဲ့ တစ်ခုတည်းသော အရာကတော့  ခန်းမ အလယ်မှာ ရှိနေတဲ့ အလုပ်အကိုင်ကျောက် တုံးကြီးပါပဲ။ ဒီကျောက်တုံးကြီးက ကျောက်ဖူ အရင်တွေ့ခဲ့ဖူးတဲ့ အလုပ်အကိုင်ပြောင်းကျောက်တုံးတွေနဲ့ဆင်တူပေမယ့် ဒီကျောက်တုံးကတော့ အဖြူရောင်ဖြစ်ပြီး၊ မျက်နှာပြင် ခြောက်ခုထိရှိနေခဲ့ပါတယ်။

ကျောက်ဖူ ကျောက်တုံးဆီ လျှောက်သွားလိုက်ပြီး၊ အနီးကပ်ကြည့်လိုက်ပါတယ်။

[လုပ်ကြံသတ်ဖြတ်သူ - အမိန့်] (အငယ်တန်း):
B အဆင့်စစ်မှုထမ်း
ဖော်ပြချက် - အလင်းကိုကိုးကွယ်ဖို့နဲ့ အံ့ဩဖွယ်ကောင်းတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးဖို့ ရည်ရွယ်ထားတဲ့  လုပ်ကြံသတ်ဖြတ်သူ ။
အကျိုးသက်ရောက်မှု - ရရှိသည်။ [လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်] ။

ဒီအလုပ်အကိုင်က ကြွက်လူ လုပ်ကြံသတ်ဖြတ်သူအများစုရဲ့ အလုပ်အကိုင်ပါပဲ။  B  အဆင့် အလုပ်အကိုင် ဖြစ်တာကြောင့် အတော်လေးအင်အားကြီးမားပြီး၊  ကျောက်ဖူရဲ့ SS အဆင့် ဘုရင့်ရဲ့ မသေမျိုးမြင်းစစ်သည် ဟာ အစွမ်းပိုထက်ပေမယ့် ၁၀ယောက်သာ ရှိပါတယ်။ ဒါပေမယ့် ဒီလုပ်ကြံသတ်ဖြတ်သူ အလုပ်အကိုင်ကတော့ သူ့လူများစွာကို အလုပ်အကိုင် ပြောင်းပေးနိုင်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now